Connect with us

Hi, what are you looking for?

သတင်း

ရေး – ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီး စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

“ရှေ့ကားမိုင်းဆွဲပြီး ရပ်ကျန်ခဲ့တဲ့ ကားကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ထပ်ဆွဲပါတယ်။ ကျဆုံး များနိုင်တယ်ခင်ဗျ”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရေး - ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီး စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို
ရေး - ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီး စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

ရေး – ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီးတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား နှစ်ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများနိုင်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၁ ရက်)နံနက် ၆နာရီခန့်က ရေး – ထားဝယ်လမ်း မောင်မယ်ရှောင်တံတားအနီးတွင် ထားဝယ်မှ ရေဖြူမြို့ဘက်သို့ဦးတည်လာသည့် အစီးရေ ကိုးစီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်မိုင်းတစ်လုံး၊ ရှေ့ ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရှေ့ကားမိုင်းဆွဲပြီး ရပ်ကျန်ခဲ့တဲ့ ကားကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ထပ်ဆွဲပါတယ်။ ကျဆုံး များနိုင်တယ်ခင်ဗျ”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုအတွင်း အစီးရေကိုးစီးပါ စစ်ကောင်စီတပ်ယာဥ်တန်းမှ လေးစီးမြောက်ယာဥ်မှာ မိုင်းထိပြီး လမ်းဘေးချော်ကျသည်ကိုတွေ့ရှိရပြီး ထိခိုက်သေဆုံးမှုများနိုင်သော်လည်း အတိအကျမသိရသေးဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ယာဥ်တန်းသည် ထားဝယ်မှ ရေဖြူဘက်သို့ ဆက်လက်ဦးတည်မောင်းနှင်သွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။