Connect with us

Hi, what are you looking for?

သတင်း

ဂျပန်လှူထားတဲ့ ရေယာဉ်တွေကို ရခိုင်မှာ စစ်ကောင်စီ စစ်ရေးအတွက်အသုံးချနေ

ဘူးသီးတောင်မြို့နယ်ဟာ AA နဲ့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း ပို့ဆောင်ပေးခဲ့တာလို့သိရပါတယ်။

ဂျပန်လှူထားတဲ့ ရေယာဉ်တွေကို ရခိုင်မှာ စစ်ကောင်စီ စစ်ရေးအတွက်အသုံးချနေ
ဂျပန်လှူထားတဲ့ ရေယာဉ်တွေကို ရခိုင်မှာ စစ်ကောင်စီ စစ်ရေးအတွက်အသုံးချနေ

ရခိုင်ပြည်နယ် ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှာ အသုံးပြုဖို့ ဂျပန်အစိုးရ က လှူဒါန်းထားတဲ့အရပ်ဘက်သုံး ရေယာဉ် တွေကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးချနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ HRW က အသိပေးလိုက်ပါတယ်။

ဂျပန်အစိုးရ ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရခိုင်အတွက် လှူဒါန်းထားတဲ့ အရပ်ဘက်သုံး ရေယာဉ် ၃ စီးအနက် ၂ စီးကို ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ဘက်မှာ စစ်ကောင်စီက အသုံးပြုခဲ့တယ်လို့ HRW ကဆိုထားပါတယ်။

ကစ္ဆပနဒီ – ၁ နဲ့ ကစ္ဆပနဒီ −၂ ရေယာဉ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ဆောင်ကာ မေယုမြစ်ကြောင်းအတိုင်း ဘူးသီးတောင်မြို့နယ်ဆီ စက်တင်ဘာလအတွင်းပို့ဆောင်ပေးခဲ့တာရှိတယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့နယ်ဟာ AA နဲ့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း ပို့ဆောင်ပေးခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန် လှူဒါန်းထားတဲ့ အရပ်ဘက် ရေယာဉ် ၂ စီးကို အသုံးချခဲ့တယ်ဆိုတာ စစ်ကောင်စီတပ်သားတွေကို သယ်ယူပို့ဆောင်ပေးဖို့အတွက်စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် ရေကြောင်းပို့ဆောင်ရေးဌာနဆီ ပေးပို့တဲ့စာကို ရရှိခဲ့တယ်လို့ HRW က ပြောထားပါတယ်။

စစ်ကောင်စီဟာ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို အလွဲသုံးနေတယ်လို့ HRW က ထောက်ပြပါတယ်။

ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ လူသားချင်းစာနာထောက်ထားမှုနယ်ပယ်နဲ့မသက်ဆိုင်တဲ့ အကူအညီတွေကို ချက်ချင်းဆိုင်းငံထားသင့်တယ်လို့ HRW ကတောင်းဆိုထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။