စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ရဲစခန်းအတွက် ရိက္ခာသယ် ဆောင်လာသည့်ယာဉ်ကို သိမ်းဆည်းရမိကြောင်း Salingyi G-Z People’s Defence Force က ယနေ့(အောက်တိုဘာ ၁၅ရက်)တွင် အသိပေးထုတ်ပြန် သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် တွင် သက်သေနှင့်တကွ ယခုလ ၁၁ ရက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ပစ္စတိုတစ်လက်၊ဆန် ၇အိတ်နှင့် မုန့်ခြောက်များ သိမ်းဆည်းရမိသည်ဟု ဆိုသည်။
“မိဘပြည်သူများအား အသိပေးအပ်ပါသည်။ စစ်ကောင်စီနှင့် ဝေးဝေးရှောင်ပါ။စစ်ကောင်စီနှင့်ပတ်သတ်မိပါက အန္တရာယ်ရှိနိုင်ပါသည်”ဟု Salingyi G-Z People’s Defence Forceက ပြောသည်။

သို့သော် နယ်မြေလုံခြုံရေးနှင့် စစ်ရေးအရဖမ်းဆီးရမိခဲ့သည့် ဂိတ်စခန်းနေရာကိုမူ ဖော်ပြခြင်းမပြုပေ။

Public Service Announcement
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး Salingyi G-Z People’s Defence Force ထံဆက်သွယ်မေးမြန်းထားရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့နယ် ၌ Salingyi G-Z People’s Defence Force ၏ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားသည်ကို ယခုလ ၁၁ရက်ကပင် ကြေညာထားသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ လုံးဝအုပ်ချုပ်ခွင့်မရစေရဟုလည်း အဆိုပါပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က တစ်ဆက်တည်း အသိပေးထားသည်။


















































