Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပေါ် လူနှစ်ဦးသေဆုံးခဲ့သည့် တိုက်ပြေးယာဥ် တာဝန်ယူဖြေရှင်းပေးမည်ဟု မုံရွာ (ပလဖ)ထံ ဆက်သွယ်လာ

သာသနာ့ဝန်ထမ်းတစ်ယောက်ပါဝင်သော်လည်း တစ်စုံတစ်ရာတာဝန်ယူမှုမရှိဘဲ တိုက်ပြေးသွားသည့်အတွက် ဒေသခံများက ဝေဖန်ခဲ့ကြသည်။

ဓာတ်ပုံ - မုံရွာ(ပလဖ)
ဓာတ်ပုံ - မုံရွာ(ပလဖ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် တိုက်ပြေးယာဥ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ရာ ကားပိုင်ရှင်ဘက်က ပြန်လည်ဆက်သွယ်လာပြီး တာဝန် ယူဖြေရှင်းပေးသွားမည်ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောသည်။

ယနေ့( အောက်တိုဘာလ ၁၈ရက်) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာ-မန္တလေးလမ်း မြေနဲကျေးရွာအနီးတွင် အမျိုးသားနှစ်ဦးစီးလာသော Clickဆိုင်ကယ်အား ဘုန်းကြီးတစ်ပါးလိုက်ပါလာသော 4W အမျိုးအစား အနက်ရောင်ယာဥ်က တိုက် ပြေးသွားခြင်းဖြစ်ပြီး အတိုက်ခံရသူနှစ်ဦးလုံး သေဆုံးခဲ့သည်။

ယင်းကားသည် တိုက်ပြီး ခဏရပ်ကြည့်ကာ မုံရွာဘက်သို့ မောင်းသွားခဲ့သည်။ ကားနှင့်လိုက်ပါလာသူများ၏ ဓာတ်ပုံများ၊ ကားအချက်အလက်များအား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လူမှုကွန်ရက်ပေါ်တင်ပြီး အသိပေးလိုက်ရာ ကားပိုင်ရှင်ဘက်က ဆက်သွယ်လာခဲ့ခြင်းဖြစ်သည်။

“တိုက်ပြေးသွားတဲ့ဘုန်းကြီးကားပိုင်တဲ့ကျောင်းက ဦးဇင်းတစ်ပါး ဆက်သွယ်လာပါတယ်။ ကားပေါ်ပါလာတဲ့ ဘုန်းကြီးကဖြစ်အပြီးမှာ ရပ်ဖို့ပြောပေမယ့် မောင်းတဲ့ကျောင်းသားက ကြောက် လန့်ပြီးမောင်းပြေးသွားခြင်းဖြစ်ကြောင်း။ ယခုဖြစ်သွားသောအမှုအတွက် အစအဆုံးတာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းဆက်သွယ်ပြောကြားလာပါတယ်။”ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်သည့်ယာဥ်နံပါတ်မှာ 4G/9881 ဖြစ်ပြီး ယာဥ်မှတ်ပုံတင်Application၌ TOYOTA HILUX VIGO အမျိုးအစားဟု ဖော်ပြထားသည်။ ယာဥ်ပိုင်ဆိုင်သူမှာ ဘဒ္ဒန္တ ဂန္ဓမာလာဖြစ်ပြီး လိပ်စာမှာ မဟာကုသိုလ်တော်ဘုန်းကြီးကျောင်းဟု ရေးသွင်းထားသည်။

သာသနာ့ဝန်ထမ်းတစ်ယောက်ပါဝင်သော်လည်း တစ်စုံတစ်ရာတာဝန်ယူမှုမရှိဘဲ တိုက်ပြေးသွားသည့်အတွက် ဒေသခံများက ဝေဖန်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

Facebook