Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီတပ်နှင့် ယာဥ်တန်းအား ဒရုန်းဖြင့်တိုက်ခိုက်

ထို့နောက် မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းမှ မုံရွာမြို့သို့ လာသော စစ်ကောင်စီယာဥ် ၉စီးကို ထီးဆောင်းအနီး၌ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ခြောက်စီးမြောက်ကားထိမှန်ဖောက်ခွဲနိုင်ခဲ့ပြီး ၁၄ဦးသေဆုံးဟု သိရကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

(ZERO ပြောက်ကျားတပ်ဖွဲ့၏ ဒရုန်းစစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)
(ZERO ပြောက်ကျားတပ်ဖွဲ့၏ ဒရုန်းစစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)

စစ်ကိုင်းတိုင် / မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီတပ်နှင့် ယာဥ်တန်းအား ဒရုန်းဖြင့် ခြောက်ကြိမ်၊ မိုင်းဖြင့်တစ်ကြိမ် စုစုပေါင်း ခုနစ်ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ဆယ်ဂဏန်းခန့်သေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယမန်နေ့(အောက်တိုဘာလ ၁၇ ရက်) နံနက်ခင်းပိုင်းတွင် မုံရွာ – မန္တလေးလမ်းမကြီးပေါ်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတ​ပ်များအား ဒရုန်းဖြင့် သုံးကြိမ်ချ တိုက်ခိုက်ခဲ့ပြီး မြင်းမူမြို့နယ် အောင်သမာဓိဆီဆိုင်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ထို့နောက် မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းမှ မုံရွာမြို့သို့ လာသော စစ်ကောင်စီယာဥ် ၉စီးကို ထီးဆောင်းအနီး၌ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ခြောက်စီးမြောက်ကားထိမှန်ဖောက်ခွဲနိုင်ခဲ့ပြီး ၁၄ဦးသေဆုံးဟု သိရကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

ညနေပိုင်းတွင် ဒရုန်းမစ်ရှင် သုံးကြိမ်ထပ်လုပ်ခဲ့ပြီး နှစ်ကြိမ်ကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ထီးဆောင်းဆေးရုံ ဆိုင်ကယ်ထားရာအနီးရှိ စစ်ကောင်စီတပ်သားနှစ်ဦး လဲကျသွားပြီး ကားဖြင့် ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ မိုင်းတစ်ကြိမ်ဆွဲလိုက်တယ်။ ဒရုန်းကတော့ တစ်နေကုန်ချတာ။ အကုန်လုံး အကောင်နှစ်ဆယ်ကျော်လောက်ရလိုက်တယ်။ ဒရုန်းမစ်ရှင်က သုံးခုလောက်အောင်တယ်။”ဟု ကိုသက်ကြီးက ပြောသည်။

ဒရုန်းစစ်ဆင်ရေးတွင် စစ်ကိုင်းခရိုင် (ပကဖ)အဖွဲ့က ထုတ်လုပ်သည့် ဗုံးသီး​​ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ်လျှောက်ဒေသကာကွယ်ရေးအဖွဲ့များက ဆက်တိုက်တိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။