Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းတွင် အမျိုးသားနှစ်ဦးစီးလာသည့်ဆိုင်ကယ်အား ကားတစ်စီးကတိုက်ပြေး၊ နှစ်ဦးလုံးသေဆုံး

ဒဏ်ရာရ အမျိုးသားနှစ်ဦးအား ဆေးရုံကြီး OPDသို့ ပို့ဆောင်ခဲ့သော်လည်း လူနာများ အသက်မရှိတော့သဖြင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာက လည်းထုတ်ပြန်ထားသည်။

(ကားဖြင့်အတိုက်ခံရ​ပြီးသေဆုံးခဲ့သူနှစ်ဦးကို မြန်မာနိုင်ငံလူမှုကူညီ​ရေးအသင်း(မုံရွာ)ကကူညီ​သယ်​ဆောင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ-မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာ)
(ကားဖြင့်အတိုက်ခံရ​ပြီးသေဆုံးခဲ့သူနှစ်ဦးကို မြန်မာနိုင်ငံလူမှုကူညီ​ရေးအသင်း(မုံရွာ)ကကူညီ​သယ်​ဆောင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ-မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် အမျိုးသားနှစ်ဦးစီးလာသည့်ဆိုင်ကယ်တစ်စီးအား ကားတစ်စီးက တိုက်ပြေးသွားရာ နှစ်ဦးလုံးသေဆုံးသွားကြောင်းဒေသခံများကပြောသည်။

ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာ-မန္တလေးလမ်း မြေနဲကျေးရွာ၊ မြေနဲရွာတံတားအနီး နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် နှစ်ယောက်ပိုးစီးလာသော Clickဆိုင်ကယ်အား 4wအမျိုးအစားအနက်ရောင် ကားဖြင့် တိုက်ပြီး ခဏရပ်ကြည့်ကာ မြောက်ဘက်(မုံရွာဘက်) မောင်းသွားကြောင်း မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောသည်။

ဒဏ်ရာရ အမျိုးသားနှစ်ဦးအား ဆေးရုံကြီး OPDသို့ ပို့ဆောင်ခဲ့သော်လည်း လူနာများ အသက်မရှိတော့သဖြင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာက လည်းထုတ်ပြန်ထားသည်။

(ကားဖြင့်အတိုက်ခံရ​ပြီးသေဆုံးခဲ့သူနှစ်ဦးကို မြန်မာနိုင်ငံလူမှုကူညီ​ရေးအသင်း(မုံရွာ)ကကူညီ​သယ်​ဆောင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ-မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာ)
(ကားဖြင့်အတိုက်ခံရ​ပြီးသေဆုံးခဲ့သူနှစ်ဦးကို မြန်မာနိုင်ငံလူမှုကူညီ​ရေးအသင်း(မုံရွာ)ကကူညီ​သယ်​ဆောင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ-မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာ)

“အဲ့ကားမြင်လိုက်တယ်။ ရွှေကုန်းရပ်ကွက်​လမ်းကြားကနေ အနောက်ဘက်မောင်းပြေးတာ။ ဘုန်းကြီးတစ်ပါးလဲပါတယ်။ မိန်းကလေးတွေရောအထုပ်တွေရောပါတယ်။ ကားခေါင်းကလဲပိန်နေတာ။ သေချာတယ်အနက်ရောင်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့တွင် အကြောင်းရင်းမသိရသည့် ယာဥ်တိုက်သေဆုံးမှု၊ သတ်ဖြတ်မှုများ၊ လုယက်ဓားပြတိုက်သတ်ဖြတ်မှုများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။