Connect with us

Hi, what are you looking for?

သတင်း

ရန်ကင်းရဲစခန်း အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

“ရဲစခန်းရှေ့တည့်တည့်မှာ ဗုံးပေါက်တာ။နှစ်လုံးဆက်မှာ တစ်လုံးကို ငါးမိနစ်လောက် ခြားပြီး ကြားရတယ်။ရခ တွေထိတာတော့ မသိရသေးဘူး”ဟု ရန်ကင်းမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ရန်ကင်းမြို့နယ် ရဲစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကင်းမြို့နယ် ရဲစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရဲစခန်းကင်းကို ပစ်မှတ်ထား၍ အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forcesက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၈ ရက်) နေ့လည် ၁နာရီခွဲခန့်က တိုက်ခိုက်ဖောက်ခွဲမှုတွင် ထိခိုက်မှုကို မသိရသေးသော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ယခုတိုက်ခိုက်မှုသည် Yangon UG Associa tion (YUA)၏ “ပြည်သူ့ကမ်းလက်များ စစ်ဆင် ရေး”စစ်ရေးဖော်ဆောင်မှုဖြစ်ကြောင်းလည်း GHFက ဆိုသည်။

“ဘန်ကာကင်းကို ဘယ်ညာ နှစ်လုံးချတာပါ။ အနည်းဆုံး လေးယောက်ပါ။ မြင်ရသလောက်တော့ ခိုးပြီး အရက်သောက်နေတာ သူတို့။ (ထိခိုက်သေဆုံး)မသေချာသေးလို့ မပြောနိုင်ပါဘူး”ဟု GHF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရဲစခန်းရှေ့တည့်တည့်မှာ ဗုံးပေါက်တာ။နှစ်လုံးဆက်မှာ တစ်လုံးကို ငါးမိနစ်လောက် ခြားပြီး ကြားရတယ်။ရခ တွေထိတာတော့ မသိရသေးဘူး”ဟု ရန်ကင်းမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သတ် သည့် ထောက်တိုင်များ၊လုပ်ငန်းဌာနများ၊စစ် ကောင်စီ၏ အထိုင်ကင်း၊ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားပေးရန်လည်း GHFက တိုက် တွန်းသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ မြို့ပြတော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်နေရာများကို ပိုမိုတိုက်ခိုက်လျက်ရှိနေသည်။

ထို့အပြင် ယနေ့ နေ့လည်ပိုင်းက သာကေတ၊ ရွှေပြည်သာနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင်လည်း ပေါက်ကွဲသံအချို့ကြားရပြီး အခြေအနေအသေးစိတ်ကို မသိရသေးပေ။

ရန်ကင်းရဲစခန်းသည် ပြီးခဲ့သည့် ‌မေလ ၁၆ ရက်တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။