Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ထောင်ဝင်စာပါဆယ်ပို့ခွင့်ပိတ်လိုက်

ဘယ်ရက်မှာ ထောင်ဝင်စာပါဆယ် ပြန်လည်လက်ခံမယ်ဆိုတာကိုတော့ ထောင်ဘက်က ပြန်လည်အသိပေးတာမရှိဘူးလို့လည်း အဲဒီရှေ့နေက ဆိုပါတယ်။

အိုးဘိုထောင်မှာ ထောင်ဝင်စာပါဆယ်ပို့ခွင့်ပိတ်လိုက်
အိုးဘိုထောင်မှာ ထောင်ဝင်စာပါဆယ်ပို့ခွင့်ပိတ်လိုက်

အင်းစိန်ထောင် ထောင်ဝင်စာပါဆယ်ပို့တဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် မန္တလေး အိုးထောင် မှာလည်း ထောင်ဝင်စာပါဆယ်ပို့ခွင့် ကိုဒီနေ့ နေ့လယ်ပိုင်းကစတင်ပြီး ပိတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

ထောင်ဝင်စာပါဆယ်ပို့ဖို့ အမှုသည်က အိုးဘိုထောင်ကို ဖုန်းဆက်မေးမြန်းရာ ဒီနေ့ ကစတင်ပြီး ပိတ်လိုက်တဲ့အကြောင်း သိရတယ်လို့ အိုးဘိုထောင်မှာ နိုင်ကျဉ်းအမှုတွေလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးတစ်ဦးက ပြောပြပါတယ်။

ဘယ်ရက်မှာ ထောင်ဝင်စာပါဆယ် ပြန်လည်လက်ခံမယ်ဆိုတာကိုတော့ ထောင်ဘက်က ပြန်လည်အသိပေးတာမရှိဘူးလို့လည်း အဲဒီရှေ့နေက ဆိုပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ကိုဗစ်ကာလကတည်းက ထောင်ဝင်စာ လူကိုယ်တိုင်တွေ့တာကို ပိတ်ထားတာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ထောင်ဝင်စာလူတွေ့တာကို ဆက်လက်ပိတ်ထားပါတယ်။

ဒါပေမယ့် တစ်လ ၂ ကြိမ် အစားအစာ ၊ဆေးဝါး စတဲ့ ပစ္စည်းတွေ ထောင်ဝင်စာပါဆယ်ပို့တာကိုတော့ ခွင့်ပြုပေးထားပါသေးတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းခံရတဲ့ နိုင်ကျဉ်းတွေထဲမှာ မိသားစုက ထောင်ဝင်စာ ပါဆယ် ပုံမှန် လာမပို့နိုင်တဲ့သူတွေရှိနေပါတယ်။

ဒါကြောင့် ထောင်ဝင်စာပါဆယ် ပုံမှန်လာတဲ့သူတွေက အကျဉ်းထောင်ထဲမှာပြန်လည် မျှဝေပေးကြရပါတယ်။

ဒါအပြင် အကျဉ်းထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုမပေးတာ ၊ အကြောင်းမဲ့ တိုက်ပိတ်တာ ၊ ရာဇဝတ်အကျဉ်းသားတွေနေတဲ့ အဆောင် ပို့ပစ်တာ ၊ ရိုက်နှက်တာ တွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။