Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်း ရဲစခန်းနှင့် စစ်ဆေးရေးအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံးစာရင်းကို အတိအကျ မသိရှိရသေးဘဲ ပြည်သူ့ရဲဘော် များမှာမူ အထိအခိုက်မရှိဟု အသိပေးထား သည်။

ဒီပဲယင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Snake Eyes
ဒီပဲယင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-Snake Eyes

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့များက အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့(အောက်တိုဘာ ၁၉ ရက်) ညနေ ၄နာရီ ၃၉ မိနစ်ခန့်က ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးကာ ခြိမ်းခြောက် ငွေကောက်ခံသောနေရာများအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES PDF အဖွဲ့က အသိပေးသည်။

မိုင်းပေါက်ကွဲပြီးနောက် ရဲဘော်များဆုတ်ခွာရာသို့ စစ်ကောင်စီဘက်က အိမ်စီးကားဖြင့် ချက်ချင်းလိုက်လာခဲ့ကြောင်း၊ ပြည်သူများ သွားလာနေသဖြင့် ထိခိုက်မည်စိုးရိမ်၍ ပြန်လည်ပစ်ခတ်ခြင်း မပြုဘဲ ဆုတ်ခွာခဲ့ကြောင်း Freedom Revolution Force (FRF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အသေးစိတ်ကတော့ SNAKE EYESက ဖြေပါလိမ့်မယ်။ သူတို့ကဦးဆောင်ပြီး ကျွန်တော်တို့က ပံ့ပိုးတာပါ။”ဟု Freedom Revolution Force (FRF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံးစာရင်းကို အတိအကျ မသိရှိရသေးဘဲ ပြည်သူ့ရဲဘော် များမှာမူ အထိအခိုက်မရှိဟု အသိပေးထား သည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ SNAKE EYES LPDF၊ Non-Profit Soldier’s (Ye.U)၊ Young Viber Squad၊ Flying Dargon Force နှင့် ပျံလွှားမောင် LPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်များကလည်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်နှင့်အဖွဲ့များက မြို့ပေါ်နှင့် စိုင်ပြင်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်းများ၊ရဲကင်းဂိတ်နှင့် ဝန်ထမ်းအိမ်ရာတို့အား မဟာမိတ် ပူးပေါင်းစစ်ဆင်ရေးအဖြစ် လက်နက်ကြီးအလုံး (၆၅)လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ Depeyin Youth Community (DYC) အဖွဲ့မှ ရဲဘော်တွေက ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ကာ ကြိုတင်ကာကွယ်ရေးနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီကနေ့ (မေလ ၂၃) မှာ အသိပညာပေးဟောပြောခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီလက်နက်ကိုင်အဖွဲ့ဝင် ၁၁ဦး​သေဆုံးပြီးစခန်းမှူးထွက်​ပြေး၊ အိုးတိန်တွင်းရွာစာသင်ကျောင်းဗုံးကြဲခံရမှုကို​ရည်ရွယ်၍ စစ်ဆင်​ရေးအမည်​ပေးထား