Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦး သေနတ်နှစ်လက်နှင့်ကျည်များယူလာပြီး CDM ပြုလုပ်

စက်တင်ဘာ ၅ ရက်ကလည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ စစ်သား နှစ်ဦးလည်း သေနတ် ၂ လက်ယူဆောင်လာပြီး CDM ပြုလုပ်ကာပြည်သူနှင့် ပူးပေါင်းခဲ့သည်။

ဓာတ်ပုံ - CDF ကန်ပက်လက်
ဓာတ်ပုံ - CDF ကန်ပက်လက်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ရဲတပ်သားတစ်ဦးက သေနတ်နှစ်လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး CDF ကန်ပက်လက်ထံ ဆက်သွယ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းလာခဲ့သည်။

ကန်ပက်လက်မြို့နယ်ရဲစခန်းမှ ရဲတပ်သား ပြည့်ဖြိုးဇင် ကိုယ်ပိုင်အမှတ် လ-၂၆၆၇၂၉ ပြည်သူ့ထံပူးပေါင်းလာသည်ဟု CDFက ယနေ့(စက်တင်ဘာ ၂၁ရက်) သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

” အလင်းဝင်ချင်တာကို သူကိုယ်တိုင်က ချိတ်ဆက်ကမ်းလှမ်းလာတာ။ ကျွန်တော်တို့က စနစ်တကျပြင်ဆင်ပြီး သွားခေါ်ခဲ့တာ။ သေနတ်တွေရော၊ ကျည်တွေရော ယူလာတယ်။ အခု စိတ်ချရတဲ့နေရာရောက်နေပါပြီ”ဟု CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - CDF ကန်ပက်လက်
ဓာတ်ပုံ – CDF ကန်ပက်လက်

ရဲတပ်သား ပြည့်ဖြိုးဇင်သည် G3 (၁)လက်၊M16 (၁) လက်၊G3 ကျည်ဘောက် (၃)ခု၊M16 ကျည်ဘောက် (၂)ခု၊7.62 ကျည် (၁၁၀) တောင့်၊ (၉)မမ ကျည် (၅) တောင့်နှင့် ကျည်ကာ တစ်ထည်ကိုပါ ယူဆောင်လာခဲ့ပြီး ပြည်သူ့ထံ ပူးပေါင်းလာ​ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၅ ရက်ကလည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ စစ်သား နှစ်ဦးလည်း သေနတ် ၂ လက်ယူဆောင်လာပြီး CDM ပြုလုပ်ကာပြည်သူနှင့် ပူးပေါင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။