Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့အဝင် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ထု

“အဲဒီဂိတ်က မနေ့ကအထိတော့ ဆိုင်ကယ်အစီး ၂၀ လောက်သိမ်းထားတယ်။ သူတို့အဲနားမှာ ကြာတော့ကြာနေပြီ။”ဟု BLACK WOLF-ARMYအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွှေဘိုမြို့အဝင် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ထု
ရွှေဘိုမြို့အဝင် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ထု

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်မုခ်ဦးအနီးတွင် ပြည်သူ့ဆိုင်ကယ်များ အဓမ္မသိမ်းယူနေသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF-ARMY အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂၁ ရက်) နံနက်ပိုင်းက ရွှေဘိုမြို့တောင်ဘက် မြို့အဝင် မုခ်ပေါက်အနီးရှိ စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများ၏ ဆိုင် ကယ်များအား အဓမ္မသိမ်းဆည်းနေသော ၁၁ ဦးခန့်ပါ စစ်ကောင်စီတပ်ကို (၄၀)မမ နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLACK WOLF-ARMY အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

လက်နက်ကြီးမှာ ဂိတ်အတွင်းသို့ ကျရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု ဆိုသည်။

“အဲဒီဂိတ်က မနေ့ကအထိတော့ ဆိုင်ကယ်အစီး ၂၀ လောက်သိမ်းထားတယ်။ သူတို့အဲနားမှာ ကြာတော့ကြာနေပြီ။”ဟု BLACK WOLF-ARMYအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်က ဝက်လက်နယ်အရှေ့ခြမ်း၌ တပ်ဖွဲ့ဝင် BW SNIPER နှင့် အခြားရဲဘော်များ၊ ပြည်သူများ ကျဆုံးခဲ့ရသော ဖြစ်စဥ်အတွက် လက်စားချေတိုက်ခိုက်ခြင်းဖြစ်ကြောင်း BLACK WOLF-ARMY အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook