Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်ရှိ Non-CDM များ CDM ပြုလုပ်အလင်းဝင်ကြရန် မြို့နယ်(ပအဖ) သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးအကြမ်းဖက်မှုများလည်း မကြာခဏကြုံနေရသည်။

ရွှေဘိုမြို့နယ်ရှိ Non-CDM များ CDM ပြုလုပ်အလင်းဝင်ကြရန် မြို့နယ်(ပအဖ) သတိပေး
ရွှေဘိုမြို့နယ်ရှိ Non-CDM များ CDM ပြုလုပ်အလင်းဝင်ကြရန် မြို့နယ်(ပအဖ) သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်အလင်းဝင်ရန် ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လက်အောက်ရှိ ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ​(စက်တင်ဘာ ၁၁ ရက်)တွင် Non-CDM များနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် Non-CDM များ CDM ပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးနှိုးဆော်ခဲ့ပြီး ယခုထုတ်ပြန်ချက်ဖြင့် Non-CDM များ အလင်းဝင်ရန် ထပ်မံသတိပေး ဖိတ်ခေါ်ကြောင်း ရေးသားထားသည်။

ယနေ့အထိ Non-CDM များသည် NUG အစိုးရထံ ပူးပေါင်းခြင်း၊ ပြည်သူ့ရင်ခွင်ထံ ခုလှုံခြင်း၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲခြင်းမပြုဘဲ စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်ခြင်းများ ရှိနေဆဲဖြစ်ကြောင်း၊ အလင်းဝင်မည်ဆိုပါက အနာဂတ်ဝန်ထမ်းဘဝ ရပ်တည်ရေးအတွက် ထည့်သွင်းစဥ်းစားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းမြဲဆိုပါက အကြမ်းဖက်ဝန်ထမ်းအဖြစ် သက်မှတ်မည်ဖြစ်ပြီး အလင်းဝင်ရန် ဖိတ်ခေါ်ခြင်းကို မလိုက်နာပါက တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တော့မည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးအကြမ်းဖက်မှုများလည်း မကြာခဏကြုံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

အလားတူ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ် သားသည်လည်း G3 တစ်လက်၊ ကျည်ဘောက် ၆ ခုနှင့် G3 ကျည်ဆံ(၇.၆၂) ၃၃၀ တောင့်နှင့်အတူ BPDF ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်...

သတင်း

မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။

သတင်း

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။