Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတံတား ရဲကင်း သေနတ်ပျောက်ဆုံးမှု ရဲ ၃ ဦး စစ်ဆေးခံနေရ

ရဲကင်းစခန်း မှာ သေတ္တာထဲ သော့ခတ်သိမ်းထားတဲ့ သေနတ် ၃ လက်အနက် ၂ လက် ပျောက်ဆုံးနေတာလို့ စုံစမ်းသိရပါတယ်။

ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ပြင်နေတဲ့ စစ်ကောင်စီသြဇာခံ ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ပြင်နေတဲ့ စစ်ကောင်စီသြဇာခံ ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

မန္တလေးမြို့၊ အမရပူရမြို့နယ် စစ်ကိုင်းတံတားထိပ် ရဲကင်းမှာ သေနတ် ၂လက် ပျောက်ဆုံးနေလို့ ရဲ ၃ ဦးကို စစ်တပ်က ခေါ်စစ်နေတယ်လို့နီးစပ်သူတွေထံကသိရပါတယ်။

ရဲကင်းက သေနတ်ပျောက်ဆုံးမှုဟာ အောက်တိုဘာလ ၁၈ ရက်ကတည်းက ဖြစ်ပွားတာပါ။

ရဲကင်းစခန်း မှာ သေတ္တာထဲ သော့ခတ်သိမ်းထားတဲ့ သေနတ် ၃ လက်အနက် ၂ လက် ပျောက်ဆုံးနေတာလို့ စုံစမ်းသိရပါတယ်။

” ဖြစ်ဖြစ်ချင်းကတော့ အကြောင်းမကြားသေးဘဲ ကြိတ်ရှာနေကြသေးတယ်၊တနေရာရာကျန်ခဲ့ကြတာလား ၊တကယ်ပဲပျောက်တာလားတော့ မသိဘူး ၊အခုတော့ ရဲကင်းစခန်းက တာဝန်ရှိသူ၃ဦးကို စစ်နေပြီ”လို့ ရဲကင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲကင်းက ရဲ ၃ ဦးကို စစ်တပ်က ဖမ်းပြီး စစ်ကြောရေးလုပ်နေတယ်လို့လည်းသိရပါတယ်။

ဖမ်းခံရတဲ့ ရဲတွေရဲ့ အဆင့်ရာထူးကိုတော့မသိရသေးပါဘူး။

Photo – STR/AFP/GETTY

ဆက်စပ်သတင်းများ

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

မြန်မာပြည်သူပြည်သားများ မတရားသဖြင့် ဥပဒေမဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းမှ ကာကွယ်တားဆီးနိုင်ရန်အတွက် အထက်ဖော်ပြပါ ညွှန်ကြားချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးက သိရှိ လိုက်နာဆောင်ရွက်သွားကြရန် အကြောင်း ကြားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတင်း

ဒီပဲယင်းနှင့် ပုလဲနယ်စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်းပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။