Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတား ရဲကင်း သေနတ်ပျောက်ဆုံးမှု ရဲ ၃ ဦး စစ်ဆေးခံနေရ

ရဲကင်းစခန်း မှာ သေတ္တာထဲ သော့ခတ်သိမ်းထားတဲ့ သေနတ် ၃ လက်အနက် ၂ လက် ပျောက်ဆုံးနေတာလို့ စုံစမ်းသိရပါတယ်။

ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ပြင်နေတဲ့ စစ်ကောင်စီသြဇာခံ ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ပြင်နေတဲ့ စစ်ကောင်စီသြဇာခံ ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

မန္တလေးမြို့၊ အမရပူရမြို့နယ် စစ်ကိုင်းတံတားထိပ် ရဲကင်းမှာ သေနတ် ၂လက် ပျောက်ဆုံးနေလို့ ရဲ ၃ ဦးကို စစ်တပ်က ခေါ်စစ်နေတယ်လို့နီးစပ်သူတွေထံကသိရပါတယ်။

ရဲကင်းက သေနတ်ပျောက်ဆုံးမှုဟာ အောက်တိုဘာလ ၁၈ ရက်ကတည်းက ဖြစ်ပွားတာပါ။

ရဲကင်းစခန်း မှာ သေတ္တာထဲ သော့ခတ်သိမ်းထားတဲ့ သေနတ် ၃ လက်အနက် ၂ လက် ပျောက်ဆုံးနေတာလို့ စုံစမ်းသိရပါတယ်။

” ဖြစ်ဖြစ်ချင်းကတော့ အကြောင်းမကြားသေးဘဲ ကြိတ်ရှာနေကြသေးတယ်၊တနေရာရာကျန်ခဲ့ကြတာလား ၊တကယ်ပဲပျောက်တာလားတော့ မသိဘူး ၊အခုတော့ ရဲကင်းစခန်းက တာဝန်ရှိသူ၃ဦးကို စစ်နေပြီ”လို့ ရဲကင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲကင်းက ရဲ ၃ ဦးကို စစ်တပ်က ဖမ်းပြီး စစ်ကြောရေးလုပ်နေတယ်လို့လည်းသိရပါတယ်။

ဖမ်းခံရတဲ့ ရဲတွေရဲ့ အဆင့်ရာထူးကိုတော့မသိရသေးပါဘူး။

Photo – STR/AFP/GETTY

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။