Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထပ်မံဆွေးနွေးမည်

ယခုတစ်ကြိမ်ဆွေးနွေးမှုသည် နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံမတိုင်မီ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဥ်ရှေ့ဆက်နိုင်ရေး မည်သို့တွန်းအားပေးမည်ကို အကြံပြုချက်များ ထွက်ပေါ်ရန် အဖြေရှာကြမည်ဟု အထက်ပါပြောခွင့်ပုဂ္ဂိုလ်က ဆက်ပြောသည်။

Ref: Reuters၊ ပြီးခဲ့သည့် ဖေဖော်ဝါရီက ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ ဓာတ်ပုံ - Vivian Balakrishnan/FB
Ref: Reuters၊ ပြီးခဲ့သည့် ဖေဖော်ဝါရီက ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ ဓာတ်ပုံ - Vivian Balakrishnan/FB

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အင်ဒိုနီးရှား၌ အောက်တိုဘာ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောသည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးစိုက်ရာ ဂျာကာတာ၌ တွေ့ဆုံမည့် အထက်ပါဆွေးနွေးမှုသည် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအဆုံးသတ်ရေး ယမန်နှစ်က ချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင်အထည်ဖော်ရေးကို လွှမ်းခြုံပါဝင်မည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က Reuters သတင်းဌာနကို ပြောသည်။

ယခုတစ်ကြိမ်ဆွေးနွေးမှုသည် နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံမတိုင်မီ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဥ်ရှေ့ဆက်နိုင်ရေး မည်သို့တွန်းအားပေးမည်ကို အကြံပြုချက်များ ထွက်ပေါ်ရန် အဖြေရှာကြမည်ဟု အထက်ပါပြောခွင့်ပုဂ္ဂိုလ်က ဆက်ပြောသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာ့အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကြိုးပမ်းမှုများလုပ်ဆောင်နေသည့်တိုင် စစ်ကောင်စီက အတိုက်အခံများနှင့်ထိတွေ့ဆက်ဆံခြင်း၊ ရန်လိုမှုများ ရပ်စဲခြင်းများအပါအဝင် ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင်အထည်ဖော်မှုကင်းမဲ့၍ အဖွဲ့ဝင်နိုင်ငံအချို့က မကျေနပ်မှုများမြင့်တက်လာနေသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်လက မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံသည် ဘုံဆုံးဖြတ် ချက် ၅ ရပ်ကို (လက်ရှိအချိန်တွင်)ကိုက်ညီမှုရှိ၊ မရှိကို လာမည့် နိုဝင်ဘာ(ထိပ်သီညီလာခံ)တွင် ဆုံးဖြတ် ရန်လိုအပ်ကြောင်း ပြောကြာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။