Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထပ်မံဆွေးနွေးမည်

ယခုတစ်ကြိမ်ဆွေးနွေးမှုသည် နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံမတိုင်မီ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဥ်ရှေ့ဆက်နိုင်ရေး မည်သို့တွန်းအားပေးမည်ကို အကြံပြုချက်များ ထွက်ပေါ်ရန် အဖြေရှာကြမည်ဟု အထက်ပါပြောခွင့်ပုဂ္ဂိုလ်က ဆက်ပြောသည်။

Ref: Reuters၊ ပြီးခဲ့သည့် ဖေဖော်ဝါရီက ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ ဓာတ်ပုံ - Vivian Balakrishnan/FB
Ref: Reuters၊ ပြီးခဲ့သည့် ဖေဖော်ဝါရီက ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ ဓာတ်ပုံ - Vivian Balakrishnan/FB

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အင်ဒိုနီးရှား၌ အောက်တိုဘာ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောသည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးစိုက်ရာ ဂျာကာတာ၌ တွေ့ဆုံမည့် အထက်ပါဆွေးနွေးမှုသည် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများအဆုံးသတ်ရေး ယမန်နှစ်က ချမှတ်ခဲ့သော ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင်အထည်ဖော်ရေးကို လွှမ်းခြုံပါဝင်မည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က Reuters သတင်းဌာနကို ပြောသည်။

ယခုတစ်ကြိမ်ဆွေးနွေးမှုသည် နိုဝင်ဘာတွင်ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံမတိုင်မီ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဥ်ရှေ့ဆက်နိုင်ရေး မည်သို့တွန်းအားပေးမည်ကို အကြံပြုချက်များ ထွက်ပေါ်ရန် အဖြေရှာကြမည်ဟု အထက်ပါပြောခွင့်ပုဂ္ဂိုလ်က ဆက်ပြောသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာ့အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကြိုးပမ်းမှုများလုပ်ဆောင်နေသည့်တိုင် စစ်ကောင်စီက အတိုက်အခံများနှင့်ထိတွေ့ဆက်ဆံခြင်း၊ ရန်လိုမှုများ ရပ်စဲခြင်းများအပါအဝင် ဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင်အထည်ဖော်မှုကင်းမဲ့၍ အဖွဲ့ဝင်နိုင်ငံအချို့က မကျေနပ်မှုများမြင့်တက်လာနေသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်လက မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံသည် ဘုံဆုံးဖြတ် ချက် ၅ ရပ်ကို (လက်ရှိအချိန်တွင်)ကိုက်ညီမှုရှိ၊ မရှိကို လာမည့် နိုဝင်ဘာ(ထိပ်သီညီလာခံ)တွင် ဆုံးဖြတ် ရန်လိုအပ်ကြောင်း ပြောကြာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။