Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် မိုင်းရှင်းလင်းရေးအဖွဲ့ယာဉ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက်

အဆိုပါ ယာဉ်သည် နံနက်ပိုင်းက ပြည်သူ့ရဲဘော် များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သည့်ကားဖြစ် ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် က လိုက်လံပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

Zero ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုနှင့် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Zero
Zero ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုနှင့် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Zero

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကြောင်းထိုးပြန်လာသည့် မိုင်းရှင်းလင်းရေးအဖွဲ့ယာဉ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်များနိုင်ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (အောက်တိုဘာ၂၄ရက်) ညနေ ၅နာရီ မိနစ်၂၀ ခန့်က မြင်းမူအနောက်တောင်ဘက်ခြမ်းအား စစ်ကြောင်းထိုးပြီးနောက် စစ်ကိုင်းဘက်သို့ပြန်လာသည့် စစ်ကောင်စီကားသုံးစီးအနက် နောက်ဆုံးယာဉ်တစ်စီးအား ရွာမနှင့် နတ်ခရိုင်ကြားတွင် ပဒေသာမိုင်း (၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“လမ်းအလယ်ခေါင်မှာ ဖောက်ပြီးထည့်ထားတဲ့ ပဒေသာမိုင်း (၈)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးကားက ဖင်ထောင်ပြီးတော့ ဒဏ်ရာရသေဆုံးမှုလည်း များလိမ့်မယ်။”ဟု ကိုသက်ကြီးက ပြောသည်။

Zero ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုနှင့် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Zero
Zero ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုနှင့် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Zero

အဆိုပါ ယာဉ်သည် နံနက်ပိုင်းက ပြည်သူ့ရဲဘော် များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သည့်ကားဖြစ် ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် က လိုက်လံပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ဆင်ရေးအား Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် G4G PDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

ယနေ့နံနက်ခင်းပိုင်းကလည်း မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ် အား စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။