Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းတွင် မိုင်းရှင်းလင်းရေးအဖွဲ့ယာဉ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက်

အဆိုပါ ယာဉ်သည် နံနက်ပိုင်းက ပြည်သူ့ရဲဘော် များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သည့်ကားဖြစ် ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် က လိုက်လံပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

Zero ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုနှင့် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Zero
Zero ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုနှင့် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Zero

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကြောင်းထိုးပြန်လာသည့် မိုင်းရှင်းလင်းရေးအဖွဲ့ယာဉ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်များနိုင်ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (အောက်တိုဘာ၂၄ရက်) ညနေ ၅နာရီ မိနစ်၂၀ ခန့်က မြင်းမူအနောက်တောင်ဘက်ခြမ်းအား စစ်ကြောင်းထိုးပြီးနောက် စစ်ကိုင်းဘက်သို့ပြန်လာသည့် စစ်ကောင်စီကားသုံးစီးအနက် နောက်ဆုံးယာဉ်တစ်စီးအား ရွာမနှင့် နတ်ခရိုင်ကြားတွင် ပဒေသာမိုင်း (၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“လမ်းအလယ်ခေါင်မှာ ဖောက်ပြီးထည့်ထားတဲ့ ပဒေသာမိုင်း (၈)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ နောက်ဆုံးကားက ဖင်ထောင်ပြီးတော့ ဒဏ်ရာရသေဆုံးမှုလည်း များလိမ့်မယ်။”ဟု ကိုသက်ကြီးက ပြောသည်။

Zero ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုနှင့် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Zero
Zero ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုနှင့် ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Zero

အဆိုပါ ယာဉ်သည် နံနက်ပိုင်းက ပြည်သူ့ရဲဘော် များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သည့်ကားဖြစ် ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် က လိုက်လံပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ဆင်ရေးအား Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် G4G PDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

ယနေ့နံနက်ခင်းပိုင်းကလည်း မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ် အား စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။