Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ် ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ

အုပ်ချုပ်ရေးမှူးဟာ ခြေထောက်ထိမှန်ခဲ့ပြီး ရုံးစာရေးအမျိုးသမီးကတော့ ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

ရွှေပြည်သာမြို့နယ်ကို Google Map ကတွေ့ရစဉ်
ရွှေပြည်သာမြို့နယ်ကို Google Map ကတွေ့ရစဉ်

ရန်ကုန်တိုင်း ၊ရွှေပြည်သာမြို့နယ်ထဲက စစ်ရေးပစ်မှတ် ၃ နေရာကို မနေ့က အောက်တိုဘာလ ၂၄ ရက်မှာတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့ကညနေပိုင်း ၃ နာရီ မိနစ် ၄၀ ခန့်က လှော်ကား တာဆုံ အနီးမှာရှိတဲ့ အမှတ် ၂၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်ရာမှာ အုပ်ချုပ်ရေးမှူး ဒဏ်ရာရပြီး ၊ ရပ်ကွက်ရုံးစာရေးအမျိုးသမီး သေဆုံးသွားပါတယ်။

အုပ်ချုပ်ရေးမှူးဟာ ခြေထောက်ထိမှန်ခဲ့ပြီး ရုံးစာရေးအမျိုးသမီးကတော့ ရင်ဘတ်မှန်ကာ သေဆုံးသွားတာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ထားပါတယ်။

ညနေ ၇ နာရီမထိုးခင် မှာလည်း တော်ဝင်မှတ်တိုင်ရှေ့မှာ ရှိတဲ့ ရွှေပြည်သာမြို့မ ရဲစခန်း ဝင်းထဲလက်ပစ်ဗုံး ပစ်သွင်းခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရဲစခန်းကို တိုက်ခိုက်တဲ့ အချိန်နဲ့တပြိုင်တည်းမှာပဲ ရွှေပြည်သာကွေ့အနီး ကစစ်ကောင်စီဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကိုပြန်လည်ရောင်းချပေးနေတဲ့ နေအိမ်ကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုတွေကို Yangon Urban Guerrilla Army (MO-7 Eagle)၊ မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ( ရွှေပြည်သာ PDF)၊ Black Tiger UG Team တို့က ဆောင်ရွက်တာလို့ အသိပေးထုတ်ပြန်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။