Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်းမြို့နယ်ထဲတွင် စစ်တပ်က အမျိုးသမီးတစ်ဦးကိုပစ်သတ်ပြီး စိုက်ခင်းများမီးရှို့ဟု KNU ပြော

ထို့အပြင် ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ တတခေါ့ပွကျေးရွာတွင်နေထိုင်သည့် အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ အကြောင်းမဲ့သတ်ဖြတ်ပစ်ခဲ့သည်ဟု ကေအဲန်ယူကဆိုသည်။

မုန်းမြို့နယ်ထဲတွင် စစ်တပ်က အမျိုးသမီးတစ်ဦးကိုပစ်သတ်ပြီး စိုက်ခင်းများမီးရှို့ဟု KNU ပြော
မုန်းမြို့နယ်ထဲတွင် စစ်တပ်က အမျိုးသမီးတစ်ဦးကိုပစ်သတ်ပြီး စိုက်ခင်းများမီးရှို့ဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီး ကြံစိုက်ခင်းနှင့် တဲများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ(၂၂)ရက် နံနက်(၈)နာရီအချိန်အတွင် ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူးမြို့နယ်အတွင်းရှိ အောင်းလောင်းစိန်ကျေးရွာတွင် စစ်ကောင်စီတပ်သည် ဒေသခံနှစ်ဦး၏ တဲများကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ကြံစိုက်ခင်းတစ်ခင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထို့အပြင် ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ တတခေါ့ပွကျေးရွာတွင်နေထိုင်သည့် အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ အကြောင်းမဲ့သတ်ဖြတ်ပစ်ခဲ့သည်ဟု ကေအဲန်ယူကဆိုသည်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် မကြာခဏဆိုသလို ပစ်ခတ်လျက်ရှိပြီး ဒေသခံပြည်သူများနှင့် ပြည်သူတို့၏ပိုင်ဆိုင်မှုများအား ပစ်မှတ်ထားတိုက်ခိုက် ဖျက်ဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။