Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ထဲတွင် စစ်တပ်က အမျိုးသမီးတစ်ဦးကိုပစ်သတ်ပြီး စိုက်ခင်းများမီးရှို့ဟု KNU ပြော

ထို့အပြင် ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ တတခေါ့ပွကျေးရွာတွင်နေထိုင်သည့် အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ အကြောင်းမဲ့သတ်ဖြတ်ပစ်ခဲ့သည်ဟု ကေအဲန်ယူကဆိုသည်။

မုန်းမြို့နယ်ထဲတွင် စစ်တပ်က အမျိုးသမီးတစ်ဦးကိုပစ်သတ်ပြီး စိုက်ခင်းများမီးရှို့ဟု KNU ပြော
မုန်းမြို့နယ်ထဲတွင် စစ်တပ်က အမျိုးသမီးတစ်ဦးကိုပစ်သတ်ပြီး စိုက်ခင်းများမီးရှို့ဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီး ကြံစိုက်ခင်းနှင့် တဲများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ(၂၂)ရက် နံနက်(၈)နာရီအချိန်အတွင် ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူးမြို့နယ်အတွင်းရှိ အောင်းလောင်းစိန်ကျေးရွာတွင် စစ်ကောင်စီတပ်သည် ဒေသခံနှစ်ဦး၏ တဲများကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ကြံစိုက်ခင်းတစ်ခင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထို့အပြင် ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ တတခေါ့ပွကျေးရွာတွင်နေထိုင်သည့် အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ အကြောင်းမဲ့သတ်ဖြတ်ပစ်ခဲ့သည်ဟု ကေအဲန်ယူကဆိုသည်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းတွင် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် မကြာခဏဆိုသလို ပစ်ခတ်လျက်ရှိပြီး ဒေသခံပြည်သူများနှင့် ပြည်သူတို့၏ပိုင်ဆိုင်မှုများအား ပစ်မှတ်ထားတိုက်ခိုက် ဖျက်ဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။