Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့ ကမိုင်ကုန်းရှိ စစ်ကောင်စီတပ် ထွက်ပြေးသွား၍ တပ်စွဲရာနေရာကို KNLA ပူးပေါင်းတပ် မီးရှို့ရှင်းလင်း

ကော့ကရိတ်ဒေသခံတစ်ဦးကလည်း “မနေ့က သူတို့ ရုပ်သွားတဲ့အခါ ရွာလူကြီးတွေ ရှင်းပြတာက မသွားနဲ့အုံးပေါ့နော်။ အန္တရာယ်ရှိမှာစိုးလို့ပေါ့။ သူတို့(စစ်ကောင်စီ)ကလည်း KNU ဝင်ပြီးရှင်းမယ်ထင်ပြီးသူတို့အလုံးကြီး (လက်နက်ကြီး)တွေပစ်ချတယ်သုံးလုံး။ KNU ကတော့သွားပြီးတော့ ရှင်းလိုက်တာပဲ”ဟု ပြောသည်။

(စစ်ကောင်စီတပ်စခန်း မီးရှို့ဖျက်ဆီးနေစဉ်)
(စစ်ကောင်စီတပ်စခန်း မီးရှို့ဖျက်ဆီးနေစဉ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့အနီး ကမိုင်းကုန်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထား​သော စစ်ကောင်စီတပ် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အဆိုပါနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ဒေါနစစ်ကြောင်း ပူးပေါင်းတပ်က မီးရှို့ရှင်းလင်းလိုက်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

ယမန်နေ့ (အောက်တိုဘာ ၂၁ရက်)က ကော့ကရိတ်မြို့ကို ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် ကမိုင်ကုန်း၌တပ်စွဲသည့်စစ်ကောင်စီတပ်က ၎င်းတို့ ယာယီတပ်စွဲသည့် နေရာကို မိုင်းများထောင်ပြီး စွန့်ခွာသွားခြင်းဖြစ်ပြီးအဆိုပါမိုင်းများကို ပူးပေါင်းတပ်ဖွဲ့ကရှင်းလင်းခဲ့ကြောင်း ၎င်း ရှင်းပြသည်။

(စစ်ကောင်စီတပ်စခန်း မီးရှို့ဖျက်ဆီးနေစဉ်)
(စစ်ကောင်စီတပ်စခန်း မီးရှို့ဖျက်ဆီးနေစဉ်)

ကော့ကရိတ်ဒေသခံတစ်ဦးကလည်း “မနေ့က သူတို့ ရုပ်သွားတဲ့အခါ ရွာလူကြီးတွေ ရှင်းပြတာက မသွားနဲ့အုံးပေါ့နော်။ အန္တရာယ်ရှိမှာစိုးလို့ပေါ့။ သူတို့(စစ်ကောင်စီ)ကလည်း KNU ဝင်ပြီးရှင်းမယ်ထင်ပြီးသူတို့အလုံးကြီး (လက်နက်ကြီး)တွေပစ်ချတယ်သုံးလုံး။ KNU ကတော့သွားပြီးတော့ ရှင်းလိုက်တာပဲ”ဟု ပြောသည်။

ကော့ကရိတ်မြို့ တိုက်ပွဲကို ကျားဖြူစစ်ကြောင်း ၊Eagle brigade ၊Lion Battalion ဗျူဟာစစ်ကြောင်း၊ Black panther Colum၊ KNLA တပ်ရင်း (၁၈) ၊Federal wings စ​သော ပူးပေါင်းတပ်က မနေ့က မနက်ပိုင်းမှာ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ကလေကြောင်းနှင့် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိသော်လည်း KNUနှင့် ပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးမှုမရှိဟု KNU သတင်းရင်းမြစ်နှင့် ကော့ကရိတ်ဒေသခံတို့က ယမန်နေ့တွင် People’s Spring သို့ ပြောကြားထားသည်။

Public Service Announcement
Public Service Announcement

“ဝင်စီးလိုက်တယ်။ လေကြောင်း ပြန်လာတဲ့အခါ လွတ်အောင် ရုန်းထွက်ရတာပေါ့။ ထိခိုက်မှုတော့ မရှိဘူး။ ဝင်စီးလိုက်တယ်ဆိုတာက အုပ်ချုပ်ရေးကို ပျက်ပြားအောင်လုပ်လိုက်တဲ့သဘောလည်းရှိတယ်။ နောက်ပြီး မြို့ပြင်မှာ ရှိတဲ့ တပ်စခန်းတွေ ပြန်ရုပ်ပါလို့ ပြောနေတုန်းက သူတို့ မရုပ်ဘူးလေ။ မရုပ်တော့ မြို့ကို ဝင်စီးလိုက်တဲ့သဘောမှာ အခု ကမိုင်ကုန်းကနေ ပြန်ရုပ်သွားပြီးမြို့မှာပဲ ပြန်နေရာယူကြတယ်။ ပူးပေါင်း တပ်ဖွဲ့တွေ မြို့ကို ဝင်တိုက်မှုကြောင့် မြို့ပြင်မှာရှိတဲ့ စခန်းတွေ ထိုးစစ်တွေ ပြန်ရုပ်သိမ်းပြီး မြို့တွင်း လုံခြုံရေး ပြန်ယူထားတာပေါ့”ဟု ကော့ကရိတ်ဒေသခံက ပြောကြားသည်။

ကော့ကရိတ်မြို့ကို တိုက်ခိုက်ခြင်းမှာ ရန်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ရပ်တန့်စေရန်နှင့် ပြည်သူ့အုပ်ချုပ်ရေးတိုးချဲ့ရန် ဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။