Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆၂ဦးရှိ၊ ဒဏ်ရာရလူနာများ ဆေးကုသရန်အခက်အခဲရှိပြီး သေဆုံးသူထပ်တိုးနိုင်ဟု KIA ပြော

ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးအခက်အခဲရှိနေသည့် အခြေအနေတွင် စစ်ကောင်စီတပ်က အဝင်အထွက်ပိတ်ပင်ထား၍ ဒဏ်ရာရလူနာများ ဆေးကုသရေး၌ ပိုမိုအခက်အခဲရှိကြောင်း၊ အတက်နိုင်ဆုံး ကြိုးစားပြီး ကုသပေးနေကြောင်း ၎င်းက ဆိုသည်။

ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆၂ဦးရှိ၊ ဒဏ်ရာရလူနာများ ဆေးကုသရန်အခက်အခဲရှိပြီး သေဆုံးသူထပ်တိုးနိုင်ဟု KIA ပြော
ဖားကန့် အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆၂ဦးရှိ၊ ဒဏ်ရာရလူနာများ ဆေးကုသရန်အခက်အခဲရှိပြီး သေဆုံးသူထပ်တိုးနိုင်ဟု KIA ပြော

စစ်ကောင်စီတပ်က အဝင်၊အထွက်ပိတ်ပင်ထား၍ အလောင်းများကို ဒေသတွင်း၌ သင်္ဂြိုလ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၆၂ဦးထိရှိလာပြီး သေဆုံးသူအရေအတွက် ထပ်တိုးနိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီတပ်က အဆိုပါဒေသ အဝင်အထွက်ကို ပိတ်ပင်ထား၍ အလောင်းများကို ဒေသတွင်း၌သာ သင်္ဂြိုလ်လိုက်သည်ဟု ၎င်းက ဆိုသည်။ အောက်တိုဘာ ၂၃ရက်ညပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အထိမ်းအမှတ်နေ့အကြို ဂီတပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ အနုပညာရှင်များ၊ ပြည်သူလူထုများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် KIO/KIA ဝန်ထမ်းများ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

“အဲဒါက စစ်ကောင်စီက ဝင်ခွင့်မပြုဘူး။ ထွက်ခွင့်လည်းမပြုဘူး ဝင်ခွင့်လည်း မပြုဘူး။ ဆိုတော့ အလောင်းတွေလည်း အတက်နိုင်ဆုံး သင်္ဂြိုလ်ကြတာဖြစ်ပါတယ်။ တချို့တွေက မီးသင်္ဂြိုလ်တာ ပါတာပေါ့။ တချို့တွေက မြေမြှုပ်ပြီးမှ သင်္ဂြိုလ်တာတွေပါတာပေါ့။ သေဆုံးတာကတော့ မနေ့က ၄နာရီခွဲ အချိန်မှာ ရတဲ့ သတင်းက သေသွားတာက ၆၂ဦး ၊ ဒဏ်ရာရတာလည်း အားလုံးက ၆၂ဦးဖြစ်ပါတယ်။ ဆိုတော့ သေဆုံးတဲ့နှုန်းက အရေအတွက်က ထပ်တိုးဖို့ရှိပါတယ်။ ဒဏ်ရာရတဲ့ လူနာတွေ သေဆုံးသွားရင်တော့ လူသေစာရင်းက ပြန်တိုးနိုင်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးအခက်အခဲရှိနေသည့် အခြေအနေတွင် စစ်ကောင်စီတပ်က အဝင်အထွက်ပိတ်ပင်ထား၍ ဒဏ်ရာရလူနာများ ဆေးကုသရေး၌ ပိုမိုအခက်အခဲရှိကြောင်း၊ အတက်နိုင်ဆုံး ကြိုးစားပြီး ကုသပေးနေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒါက မလုပ်သင့်တဲ့အရာဖြစ်ပါတယ်။ ပြည်သူလူထုကို ပစ်ပြီးမှ ဒါမျိုးလုပ်တာကတော့ စစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်တွေဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် မိုးမြောက်ဒေသ၌ တိုက်ပွဲများ ဆက်ရှိနေကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဲဒီဘက်မှာတော့ စစ်ကောင်စီဘက်က ကျနော်တို့ KIO/KIA တွေရှိတဲ့နေရာကို ထိုးဝင်လာလို့ ခုခံတိုက်ပွဲတွေ ။ အဲဒါကတော့ လေယာဉ်နဲ့လည်းပစ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ်။နောက် မြေပြင်ကနေ ထိုးတယ်။ခုချိန်ထိ တိုက်ပွဲတွေရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook