Connect with us

Hi, what are you looking for?

သတင်း

အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများအတွက် မီးပိတ်သပိတ်ပြုလုပ်မည်

မီးပိတ်သပိတ်လှုပ်ရှားမှုကို အောက်တိုဘာ ၂၈ ရက်ည ည ၈နာရီခွဲမှစတင်၍ ၁၀မိနစ်ကြာ ပြုလုပ်ရန် တိုက်တွန်းထားထားသည်။

အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများအတွက် မီးပိတ်သပိတ်ပြုလုပ်မည်
အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများအတွက် မီးပိတ်သပိတ်ပြုလုပ်မည်

ကချင်ပြည်နယ် ဖားကန့်မြို့ အနန့်ပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးထိခိုက်သူများအပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သူများအတွက် ဂုဏ်ပြုသည့်သဘောဖြင့် မီးပိတ်သပိတ်လှုပ်ရှားမှုပြုလုပ်ရန်တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

“ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးမှာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် မိမိတို့ပြည်သူအားလုံးက “မီးပိတ်သပိတ် လူထုလှုပ်ရှားမှု” ကြီး ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။” ဟု ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

မီးပိတ်သပိတ်လှုပ်ရှားမှုကို အောက်တိုဘာ ၂၈ ရက်ည ည ၈နာရီခွဲမှစတင်၍ ၁၀မိနစ်ကြာ ပြုလုပ်ရန် တိုက်တွန်းထားထားသည်။

မီးပိတ်သပိတ်လှုပ်ရှားသည့်အချိန်တွင် နေအိမ်များ၊ လမ်းများ၊ အဆောက်အဦများ၌ မီးအားလုံးကို ပိတ်၍ အမှောင်ချထားရန်နှင့် မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ ယုံကြည်မှု ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနဲ့ အတူရပ်တည်ကြောင်း ရည်ညွှန်း သရုပ်ဖော်လှုပ်ရှားမှုများကိုလည်း တစ်ပါတည်း ဖော်ဆောင်ရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

“ဖားကန့်-အနန့်ပါမှသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို ဖော်ညွှန်း‌သည့် အောက်ပါ လူထုတိုက်ပွဲလှုပ်ရှားမှုကြီးကို လူထုအားလုံး တညီတညွတ်တည်း ဖော်ဆောင်၊ ဆင်နွှဲကြပါစို့။ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးအတွက် မိမိတို့ စိတ်ထဲကနေ ဝမ်းနည်း၊ ကြေကွဲ၊ နာကြည်းနေရုံမျှနဲ့ တင်းတိမ်မနေကြသင့်။ ဒီဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲဖော်ဆောင်ကြရမယ်။ဒီအတွက် ပြည်သူလူထုတရပ်လုံး၊ တနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မယ့် “လူထုတိုက်ပွဲ လှုပ်ရှားမှု” ကြီးတရပ် ဖော်ဆောင်ကြပါစို့။” ဟု Yangon Urban Guerillas -YUG က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အနန့်ပါဒေသ ကံဆီးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIO)၏ (၆၂)နှစ်ပြည့်အထိမ်းအမှတ်အကြို ဂီတဖျော်ဖြေပွဲပြုလုပ်စဥ် အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခက်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၅၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။