Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထီးရိုး​တောင်တက်ဂိတ်တွင် ပြည်သူ၃ ဦး​သေဆုံးပြီး၁၃ ဦးဒဏ်ရာရခြင်းမှာစစ်​တပ်က ရမ်းသန်းပစ်ခတ်မှု​ကြောင့်ဟု KNU ထုတ်ပြန်

တိုက်ပွဲဖြစ်ချိန်ကင်မွန်းချောင်း ရဲစခန်းကုန်းမှလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ပြီးကင်မွန်းချောင်းကျေးရွာကျောင်းစုပိုင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း အသိပေးသည်။

(ကျိုက်ထိုမြို့မ ရဲစခန်းကို​တွေ့ရစဥ်။ဓါတ်ပုံ-KNU)
(ကျိုက်ထိုမြို့မ ရဲစခန်းကို​တွေ့ရစဥ်။ဓါတ်ပုံ-KNU)

▪︎​တော်လှန်​ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်မှု​​ကြောင့် စစ်​ကောင်စီတပ်၃ ဦး​သေ ၁ဦးဒဏ်ရာရ

ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုရားဖူးဧည့်သည် အမျိုးသမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့(အောက်တိုဘာ ၁၄ ရက်)တွင် ထုတ်ပြန် သည်။

အောက်တိုဘာ ၁၂ ရက်၊နံနက် ၁၀ နာရီ မိနစ် ၄၀ တွင်ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပ စ်ခတ်မှုကြောင့် ဘုရားဖူးဧည့်သည် အမျိုး သမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ်ရာရခဲ့သည်ဟု ​ဖော်ပြထားသည်။

(ကျိုက်ထိုမြို့မ ရဲစခန်းကို​တွေ့ရစဥ်။ဓါတ်ပုံ-KNU)
(ကျိုက်ထိုမြို့မ ရဲစခန်းကို​တွေ့ရစဥ်။ဓါတ်ပုံ-KNU)

ကျိုက်ထီးရိုးတောင်ခြေ တောင်တက်ကားဂိတ် အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား အောက်တိုဘာ (၁၂) ရက်ကမိတ်ဖက်တော်လှန်ရေးအင်အားစုများမှ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီမှ စက်သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘုရားဖူးဧည့်သည်များ ထိခိုက်သေဆုံးခဲ့ရပြီး (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ပြည်သူ(၂)ဦးလည်း လက်နက်ကြီးစထိမှန်ခဲ့ကြောင်း ပါရှိသည်။

” တောင်တက်ကား ဂိတ်နားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့တွေက လာပစ်တာ၊ လာပစ်တဲ့ လူတွေက တော်တယ်၊ ဘုရားဖူးတွေ နားက စစ်ကောင်စီစစ်သားတွေကိုတောင်မပစ်ဘူး ပြည်သူကိုထိမှာစိုးလို့၊ စစ်ကောင်စီဖက်က ပြန်ပစ်တာ တောင်တက်ကားပေါ်မှာရှိတဲ့ ဘုရားဖူး (၃) ဦးသေတယ်၊(၁၃) ဦးဒဏ်ရာရတယ် ၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ရွာသား (၃) ဦးလည်းဒဏ်ရာရခဲ့တယ်” ဟု ကင်မွန်းချောင်းရွာသား စောထို့ကိဘော က ပြောသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ချိန်ကင်မွန်းချောင်း ရဲစခန်းကုန်းမှလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ပြီးကင်မွန်းချောင်းကျေးရွာကျောင်းစုပိုင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း အသိပေးသည်။

ကျောင်းစုပိုင်း ဒေါ်လှရွှေ၏အိမ်ခေါင်မိုးပေါ်တစ်လုံးကျ ရောက် ပေါက်ကွဲခဲ့ကာ ဦးသန်းအေး၏သား ငပု (ခေါ်) စောနန်းဝင်း၏ညာဖက်လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး အောင်အောင်အလှပြင်ဆိုင်ရှေ့၌လည်း လက် နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၄၀)ဝန်းကျင် ဒေါ်ဂျမ်းပုံ၏ နောက်ကျောနှင့် သမီးဖြစ်သူ(၅)နှစ်အရွယ် မဝက်မလေး ၏ ညာဖက် လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ကာ ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

အထက်ပါ ထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကာမိတ်ဖက်အင်အားစုများမှရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိကြောင်း KNU က ပြောသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထီးရိုး ဘုရားကုန်း ကိုအကြောင်းအမျိုးမျိုးပြပြီး စစ်ကောင်စီက ကေအဲန်ယူ အုပ်ချုပ်နယ်မြေတွေကို စစ်ရေးလှုပ်ရှားမှုတွေလုပ်တယ် လှု့အခွင့်အရေးချိုးဖောက်မှုတွေလဲလုပ်ခဲ့တယ်။ ဥပမာ-(၁)လပိုင်းက ကျောက်ဖျာကျေးနယ်မှာ ရွာသားတွေကိုမတရားဖမ်းဆည်းသတ်ဖြတ်ပြီး ရွာလုံးကျွတ် ဖျတ်ဆီးခံရတယ်၊စျေးဆိုင်တွေ ဖျက်ဆီးတယ်၊ ဆန်အိတ်တွေ မြေပေါ်ကျဲချတယ်၊ရွှေငွေတွေကို ခိုးယူသွားတယ် ”ဟု ကေအဲန်ယူ ကျိုက်ထိုမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

စစ်​ကောင်စီကမူ ဘုရားဖူးပြည်သူအချို့​သေဆုံးဒဏ်ရာရခဲ့ခြင်းမှာ PDF များပစ်ခတ်တိုက်ခိုက်မှု​ကြောင့်ဟု ၎င်းတို့ဝါဒဖြန့် မီဒီယာများမှတစ်​ဆင့်ဝါဒဖြန့်ထားသည်။သို​သော် ​တော်လှန်​ရေးအဖွဲ့များ ပစ်ခတ်မှု​ကြောင့် ​စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုကိုမူ စစ်​ကောင်စီကသတင်းထိန်ချန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။