Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်ခံရပါက ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်းနည်းနာများ NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ အရပ်သားပြည်သူများ သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ယင်းမာပင်နယ် ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှ တစ်စီး၊ ဓာတ်ပုံ - CJ)
(အကြမ်းဖက်စစ်​ကောင်စီတပ်က ယင်းမာပင်နယ် ချင်းပုန်းရွာနှင့်​ညောင်ကိုင်းရွာကိုစီးနင်းခဲ့​သော ရဟတ်ယာဥ် ​လေးစီးထဲမှ တစ်စီး၊ ဓာတ်ပုံ - CJ)

လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ကာကွယ်နေထိုင်ခြင်းနည်းနာများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားပြီး အနီးဆုံးအကာအကွယ်ကို ရှာရန်၊ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားရန် ၊ နေအိမ်အတွင်းရှိနေပါက ကြိုပြင်ထားသည့် အခန်းတွင် ဝင်နေရန်၊ အကာအကွယ်မရှိသည့်နေရာ(ကွင်းပြင်)တွင ရှိနေပါက မြေနိမ့်သောနေရာကို ရှာဖွေ၍ ဝပ်နေရန်၊ ဦးခေါင်းကို မထိခိုက်စေရန် လက်ဝါး(သို့မဟုတ်) အင်္ကျီဖြင့် အုပ်ရန်၊ ပေါက်ကွဲမှုကြောင့် နားစည်ကို မထိခိုက်စေရရေး နားကိုလုံအောင်ပိတ်ထားရန်၊ လွှင့်စင်သည့် အစအနများ မျက်လုံးသို့ မဝင်စေရေးမျက်စိကို မှိတ်ထားရန်အကြံပြုထားသည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ အရပ်သားပြည်သူများ သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စက်လက်၊ စက်အမြောက်များဖြင့် ပစ်ခတ်ခြင်း စသည့် ပုံစံများရှိရာ စစ်ကောင်စီတပ်က အဆိုပါပုံစံမျိုးစုံဖြင့် ပြည်သူလူထုကို တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မိမိအရပ်ဒေသ၌ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန် အစီအမံများ ပြင်ဆင်ထားရန်၊ နေအိမ်နှင့်မိသားစုအတွင်း ကာကွယ်ရေးအစီအမံများ ပြင်ထားရန်၊ လေကြောင်းအန္တရာယ် ပြီးဆုံးချိန်တွင် ကယ်ဆယ်ရေး နှင့် အခြေခံအဟာရ လိုအပ်ချက်များ ဖြည့်တင်းနိုင်ရေး စီမံထားရန် ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကာကွယ်ရန် အစီအမံများ၌ ရပ်ရွာအတွင်းလူဦးရေအလိုက် ပုန်းခိုနိုင်သည့် ဗုံးခိုကျင်းပများ၊ ကတုတ်ကျင်းများ ကြိုတင်ဆောက်လုပ်ထားရန်၊ အရေးပေါ် အခြေအနေ ဖြစ်လာပါက အသင့်ဖြစ်စေရန် ရပ်ရွာအတွင်း အသိပညာပေးခြင်း နှိုးဆော်ခြင်းများ ပြုလုပ်ထားရန်လိုအပ်သည်ဟုဆိုသည်။

နေအိမ်အတွင်း ပုန်းခိုရန် အတွက် အလုံခြုံဆုံးအခန်းကိ ကြိုတင်ရွေးချယ်ပြင်ဆင်ထားရန်၊ လုံခြု့သည့် အခန်းမရှိပါက ခိုင်ခံ့သည့် စားပွဲ တစ်လုံးပေါ်တွင် စောင်များ၊ မွှေ့ယာများ၊ စာအုပ်များဖြင့် ဖုံးအုပ်၍ အရေးပေါ် ပုန်းခိုရန် နေရာ ပြုလုပ်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ကွဲရှနိုင်သည့် မှန်ပြတင်းပေါက်များ၊ မှန်များသည် ပေါက်ကွဲမှု ဖြစ်ချိန်တွင် အန္တရာယ်အပေးနိုင်ဆုံးဖြစ်ကြောင်း အသိပေးထားသည်။

နေအိမ်အတွင်းသောက်ရေ၊ ရိက္ခာခြောက်နှင့် သောက်လေ့ရှိသည့် ဆေးဝါးများ စုဆောင်းပြင်ဆင်ထားရန်နှင့် အရေးပေါ် အခြေအနေတွင်လိုအပ်သော မီးခြစ်၊ ဖယောင်းတိုင်၊ ဓာတ်မီး၊ မိုးကာ စသည့်အရေးပေါ် အသုံးအဆောင်များ ကြိုပြင်ထားရန် တိုက်တွန်းထားသည်။

လေကြောင်းတိုက်ခိုက်မှုပြီးဆုံးချိန်၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ အရေးပေါ် ဆေးကုသရေးလုပ်ငန်းများ ပြုလုပ်ရန် အချက်များလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။