Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူလူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အချိန်တန်ပြီဟု အာဆီယံကို NUG ပြော

NUG သည် အာဆီယံသဘောတူညီချက် (၅)​ရပ်ကို ကြိုဆိုပြီး အခွင့်အလမ်းပေးခဲ့သော်လည်း လပေါင်း ( ၂၀ ) ကြာမြင့်လာသည်အထိ တိုးတက်မှု မရှိခဲ့သည့်အတွက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ပြီး စွန့်လွှတ်ရန် လိုအပ်ကြောင်း အာဆီယံကို တိုက်တွန်းသည်။

(မြန်မာ့အရေးနှင့်ပတ်သက်၍ အောက်တိုဘာ ၂၇ ရက်တွင် အင်ဒိုနီးရှား၌ တွေ့ဆုံခဲ့ကြသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ဓာတ်ပုံ - MFA)
(မြန်မာ့အရေးနှင့်ပတ်သက်၍ အောက်တိုဘာ ၂၇ ရက်တွင် အင်ဒိုနီးရှား၌ တွေ့ဆုံခဲ့ကြသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ဓာတ်ပုံ - MFA)

အာဆီယံသည် မြန်မာပြည်သူအားလုံး၏ ကိုယ်စား လှယ်များနှင့်ထိတွေ့ဆက်ဆံရန် အချိန်တန်ပြီဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ အောက်တိုဘာ ၂၇ရက် တွင် အင်ဒိုနီးရှား၌ တွေ့ဆုံခဲ့ကြသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများထံ NUG ကိုယ်စားဝန်ကြီးဒေါ်ဇင်မာအောင်က စာရေးသားပေးပို့ခဲ့ရာ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

မြန်မာပြည်သူများ၏ ကြီးမားသောအတိဒုက္ခကို အသိအမှတ်ပြုရန် အာဆီယံသည် ရှေ့ခရီးအတွက် အလေးအနက် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (ERO)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်သူများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုများမှ ကိုယ်စားလှယ်များ၊ ကြားဖြတ် ပြည်နယ်/ဖက်ဒရယ် ယူနစ်များကို ကိုယ်စားပြုသည့်ကော်မတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ပြည်သူ့ကိုယ်စားလှယ်များကို အစုအဖွဲ့ဆိုင်ရာဆွေးနွေးပွဲတစ်ခု ကျင်းပရန် လိုအပ်နေကြောင်း ဆက်လက်ဖော်ပြသည်။

NUG သည် အာဆီယံသဘောတူညီချက် (၅)​ရပ်ကို ကြိုဆိုပြီး အခွင့်အလမ်းပေးခဲ့သော်လည်း လပေါင်း ( ၂၀ ) ကြာမြင့်လာသည်အထိ တိုးတက်မှု မရှိခဲ့သည့်အတွက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ပြီး စွန့်လွှတ်ရန် လိုအပ်ကြောင်း အာဆီယံကို တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီသည် အာဆီယံသဘောတူညီချက် (၅)ရပ်ကို လျစ်လျူရှုရုံသာမက လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှု ၊​ဗုံးခွဲမှု၊ ခေါင်းဖြတ်သတ်ဖြတ်မှု၊ အပြစ်မဲ့အရပ်သားများ ဥပဒေမဲ့ သတ်ဖြတ်ခံရမှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နှင့် နိုင်ငံရေး အကျဉ်းသားများအားကွပ်မျက်မှုစသည့် ဖိနှိပ်မှုများလုပ်ဆောင်ခဲ့သည်။

ထို့အပြင် စစ်အာဏာရှင်များသည် ပြည်ပနိုင်ငံသားများကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးချုပ်နှောင်ကာ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု ပုံသဏ္ဍာန်ကို ထိရောက်မှုရရှိစေရန် ဓားစာခံအဖြစ် အသုံးချနေကြောင်းလည်း NUG က ဆိုသည်။

စစ်ကောင်စီမှ ကျင်းပရန် အားထုတ်နေသည့် ရွေးကောက်ပွဲသည် အာဏာသိမ်းခြင်းကို တရား၀င်မှု အဖြစ် ဆောင်ရွက်ရန်ကြိုးပမ်းမှုလုပ်ငန်းစဉ်သာဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများကလုံး၀လက်ခံမည်မဟုတ်ဘဲ မြန်မာစစ်တပ်သည် အင်စတီကျူးရှင်း တစ်ခုအနေဖြင့် အရပ်သား အစိုးရ လက်အောက်သို့ အပြည့်အဝ အသွင်ကူးပြောင်းရန်လိုအပ်ကြောင်း NUG က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။