Connect with us

Hi, what are you looking for?

သတင်း

မြန်မာဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း ထောက်ခံမဲအပြတ်အသတ်ဖြင့် ကုလညီလာခံ အတည်ပြု

အထက်ပါအဆိုမူကြမ်းတင်သွင်းစဥ်က အကြမ်းဖက်စစ်ကောင်စီသည် နောင်နှစ်အနည်းငယ်အတွင်း အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး ရုရှားကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုထားကြောင်းနှင့် ယင်းအခြေအနေကို နိုင်ငံတကာအသိုက်အဝန်းက မျက်ခြေမပြတ်စောင့်ကြည့်ပေးရန် သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်းကို ထောက်ခံမဲ ၁၁၈ မဲဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်သည်။

အရပ်သားအစိုးရခန့်အပ်ခဲ့သည့် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်သွင်းသော နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုကို ထောက်ခံမဲ ၁၁၈ မဲ၊ ကန့်ကွက်မဲ ၄၂ မဲ၊ ကြားနေမဲ ၂၀မဲဖြင့်(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ)က အတည်ပြုခဲ့ကြောင်း အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ယနေ့ထုတ်ပြန်သည်။

မြန်မာဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း ထောက်ခံမဲအပြတ်အသတ်ဖြင့် ကုလညီလာခံ အတည်ပြု
မြန်မာဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း ထောက်ခံမဲအပြတ်အသတ်ဖြင့် ကုလညီလာခံ အတည်ပြု

မြန်မာနိုင်ငံမှတင်သွင်းသည့် ယင်းအဆိုမူကြမ်းအား သဘောထားချင်း တူညီသည့်နိုင်ငံများမှ ပူးတွဲအဆိုရှင်အဖြစ်ပါဝင်၍လည်းကောင်း၊ ထောက်ခံမဲပေး၍လည်းကောင်း နှစ်စဉ်မပြတ်ပံ့ပိုးပေးခဲ့ကြသည့်အတွက်အများစုထောက်ခံမှုဖြင့် ပထမကော်မတီနှင့် မျက်နှာစုံညီ အစည်းအဝေးများတွင် အတည်ပြုခဲ့ပါကြောင်း၊ ယင်းသို့ ကူညီထောက်ခံပေးသည့်နိုင်ငံများအား ကျေးဇူးအထူးတင်ရှိကြောင်း သံအမတ်ကြီးက ပြောသည်။

ယနေ့ကမ္ဘာကြီးတွင် နျူကလီးယားလက်နက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထို့အပြင် နျူကလီးယားလက်နက်သည် စီးပွားရေးကျဆင်းမှု၊ ရာသီဉတုဖောက်ပြန်မှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များစွာ ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသောအန္တရာယ် တစ်ခုဖြစ်ရာ မိမိတို့အားလုံး လက်တွဲပူးပေါင်း၍ နျူကလီးယားအန္တရာယ်ကို ကာကွယ်တိုက်ဖျက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း ထောက်ခံမဲအပြတ်အသတ်ဖြင့် ကုလညီလာခံ အတည်ပြု
မြန်မာဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း ထောက်ခံမဲအပြတ်အသတ်ဖြင့် ကုလညီလာခံ အတည်ပြု

အထက်ပါအဆိုမူကြမ်းတင်သွင်းစဥ်က အကြမ်းဖက်စစ်ကောင်စီသည် နောင်နှစ်အနည်းငယ်အတွင်း အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး ရုရှားကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုထားကြောင်းနှင့် ယင်းအခြေအနေကို နိုင်ငံတကာအသိုက်အဝန်းက မျက်ခြေမပြတ်စောင့်ကြည့်ပေးရန် သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။

ထို့အပြင် မြန်မာစစ်တပ်သည် ၎င်းတို့ဆောင်ရွက်ခဲ့သည့် ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးကြောင်းနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ မပြန့်ပွားရေးကိစ္စရပ်များတွင်လည်း ကောင်းမွန်သည့် မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်းသံအမတ်ကြီးက ကုလသမဂ္ဂညီလာခံကို တင်ပြခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။