Connect with us

Hi, what are you looking for?

သတင်း

ပုလောနယ် ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးခြောက်လုံးကြဲချ

စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ အပါအဝင် ပြည်သူများထိ ခိုက်မှုမရှိခဲ့ဘဲ နေအိမ်တစ်လုံးသာ အနည်းငယ်ထိခိုက်ခဲ့ကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

(စစ်ကောင်စီတပ် ကြဲချသော ဗုံးသီးများအား တွေ့ရစဥ်)
(စစ်ကောင်စီတပ် ကြဲချသော ဗုံးသီးများအား တွေ့ရစဥ်)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးခြောက်လုံးချ၍ ကျေးရွာနေလူထုအား တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁)PPDF က ပြောသည်။

ယနေ့(အောက်တိုဘာ ၃၁ရက်)မွန်းလွဲ ၃ နာရီ ၁၅မိနစ်ခန့်က ပြည်သူ့ကာကွယ်‌ရေးတပ်မ‌တော် မြိတ်ခရိုင်တပ် ရင်း(၁)က စခန်းချ လုံခြုံရေး ယူပေးထားသော ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာသို့ စစ်ကောင်စီ၏ တပ်ရင်း(၂၈၅ )မှ ဒရုန်းဖြင့် ဗုံးသီး (၆)လုံး လာရောက်ချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“(ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်တာ)မရှိဘူးဗျ။ လာပြီး လက်တည့်စမ်းတဲ့သဘောပါ။ ဒီနေ့ ဒရုန်းနဲ့ ထပ်ပြီးရောက်လာသေးတယ်”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ အပါအဝင် ပြည်သူများထိ ခိုက်မှုမရှိခဲ့ဘဲ နေအိမ်တစ်လုံးသာ အနည်းငယ်ထိခိုက်ခဲ့ကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပုလောနယ် ကျောင်းနိမ့်ကျေးရွာသည် စစ်ကောင်စီ (၂၈၅)တပ်ရင်းအခြေစိုက်သည့်နေရာနှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး ပြည်သူအများအနေဖြင့် ဂရုစိုက်သွားလာနေထိုင်ကြရန် မြိတ်ခရိုင် တပ်ရင်း (၁)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။