Connect with us

Hi, what are you looking for?

သတင်း

ယောကာကွယ်ရေးတပ် ဒရုန်းတပ်ခွဲစခန်း လေကြောင်းတိုက်ခိုက်မှု အကျဉ်းသားတစ်ဦး ဒဏ်ရာရ

ပြည်သူများလေကြောင်းရန် အလေးထားပြင်ဆင်ကြရန် YDF တိုက်တွန်း

ယောကာကွယ်ရေးတပ် - YDF၏ ဒရုန်းတပ်ခွဲစခန်းတစ်ခုအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ (ဓာတ်ပုံ - ယောကာကွယ်ရေးတပ် - YDF)

ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ်(YDF)၏ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အကျဉ်းသားတစ်ဦး ဒဏ်ရာရပြီး စစ်သုံးပစ္စည်းအချို့လည်း ထိခိုက်ခဲ့ကြောင်း YDFက ယနေ့ (ဇန်နဝါရီ ၃၀ရက်) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၉ ရက်) ည ၉နာရီ ၁၈မိနစ်ခန့်တွင် ယောကာကွယ်ရေးတပ် – YDF ၏ ဒရုန်းတပ်ခွဲစခန်းတစ်ခုအား စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ်က ပေါင် ၂၅၀ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ည ၁၂နာရီ ၁၅မိနစ်ခန့်တွင် နောက်ထပ်တစ်ကြိမ် ပေါင် ၂၅၀ဗုံး လေးလုံးထပ်မံကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဂန့်ဂေါမြို့နယ်အခြေစိုက် YDF စခန်းနေရာကို လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း YDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရမှူကြောင့် ဒရုန်းတပ်စခန်းရှိ စစ်ရေးသုံးပစ္စည်းအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့ဟု အသိပေးထားပြီး အသေးစိတ်အချက်အလက်များ ဖော်ပြမထားပေ။

ထို့အပြင် စခန်းတွင် ယာယီထိန်းသိမ်းထားသော အကျဉ်းသားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်ဟုလည်း ထုတ်ပြန်သည်။ အဆိုပါ အကျဉ်းချထားသူမှာ ဘုရားအလှုငွေပုံး ဖောက်ထွင်းမှူကြောင့် ဖမ်းဆီးထားသူဖြစ်သည်ဟု အသိပေးသည်။

ယောနယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် လေကြောင်းအန္တရာယ်များ သတိရှိရှိထားပြီး အထူးဂရုစိုက်ကြရန် လိုအပ်လာကြောင်း YDFက ထုတ်ပြန်ခဲ့ပြီး ကတုတ်ကျင်းများ လိုအပ်လျှင်တူးထားခြင်း၊ အကာအကွယ်လုံခြုံမည့်နေရာများကို ကြိုတင်ကြည့်ရှုရှာဖွေထားခြင်း ပြုလုပ်ရန် သတိပေးထားသည်။

စစ်အာဏာရှင်အဆက်ဆက်သည် အာဏာ မစွန့်လွှတ်ရရေးအတွက် ပြည်သူများအပေါ် ရက်စက်ယုတ်မာကြရန် လက်တွန့်ကြမည်မဟုတ်၍ သတိပေးချက်ကို အလေးထား လိုက်နာရန် တိုက်တွန်းထားသည်။

YDFအနေဖြင့်လည်း ဇန်နဝါရီ ၂၉ရက်တွင် အသိပေးချက် ထုတ်ပြန်ခဲ့ရာ စစ်ရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများ ဖော်ဆောင်မည်ဟု အသိပေးထားသည်။ ထို့ကြောင့် တန်ဖိုးကြီး ပစ္စည်းများ သေချာစွာသိမ်းထားရန်၊ စစ်ဆင်ရေးကာလအတွင်း အခက်အခဲများ မကြုံစေရေး ရိက္ခာနှင့် ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားသည်။

YDFသည် ချင်းညီနောင်၊ ရက္ခိုင့်တပ်တော်(AA) တို့နှင့် ပူးပေါင်းပြီး ချင်းပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖြစ်သည်။

ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ကျောနှင့် ထီးလင်းမြို့တို့ပါဝင်သောယောဒေသည် စစ်ကောင်စီအား စနစ်တကျခုခံတော်လှန်တိုက်ခိုက်နေပြီး တစ်ချိန်တည်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်စ အကောင်အထည်ဖော်နေသည်။ ယောဒေသအပါအဝင် မကွေးတိုင်းအတွင်း မြို့နယ်အချိူ့၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်