Connect with us

Hi, what are you looking for?

သတင်း

စစ်​​ကောင်စီက ​​ယောနယ်တွင်စိုးမိုးနိုင်ရန် ​လေ​ကြောင်း၊စစ်​ကြောင်းသုံး၍ ကြိုးပမ်း​နေ

စစ်​ကောင်စီက ယောဒေသတွင် စိုးမိုးနိုင်ရေးအတွက် လေကြောင်းကိုသုံး၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်သတိပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကသတိပေးသည်။

■စစ်​ကောင်စီ၏ ​လေ​ကြောင်းအန္တရာယ်သတိပြုရန် PDF များသတိ​ပေး

​မေ-၁၉၊၂၀၂၅။ကဖေး/People’s Spring

စစ်​ကောင်စီက ယောဒေသတွင် စိုးမိုးနိုင်ရေးအတွက် လေကြောင်းကိုသုံး၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်သတိပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကသတိပေးသည်။

မေလဆန်းမှစ၍ စစ်ကောင်စီက ယောဒေသသို့ စစ်ကြောင်းထိုးရန်ကြိုးပမ်းနေပြီး လေကြောင်းတိုက်ခိုက်မှုပိုမို ပြုလုပ်လာသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ရွေးကောက်ပွဲလုပ်နိုင်အောင် လေကြောင်းပစ်ကူယူပြီး ယောဒေသကို ပြန်ထိန်းချုပ်ဖို့ စကစက ပြင်နေတယ်။ ပြည်သူတွေကတော့ လုံခြုံရေးသတိရှိကြပါတယ်။ ဒါပေမယ့်ပိုပြီးရက်စက်ကြမ်းကြုတ်
လာမယ့် စကစရဲ့ လေကြောင်းရန်ကို သတိတော်တော် ထားရမယ်” ဟု ယောဒေသမှPDF
တဦးကပြောသည်။

စစ်ကောင်စီတပ်သည် မတ်၊ ဧပြီနှင့် မေလအတွင်း ယောဒေသမှ ဂန့်ဂေါ၊ဆော၊ ကျောက်ထု နှင့် ထီးလင်းမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများမကြာခဏပြုလုပ်ခဲ့သည်။

မတ်လ ၂၀ရက်က ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာအား စစ်ကောင်စီက လေကြောင်းမှာဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလေးဦးသေဆုံးခဲ့ပြီး နေအိမ် ၄၀ကျော် ပျက်စီးခဲ့သည်။

မတ်လ ၂၂ရက်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးလက်ဆေး​ပေးခန်းကို စစ်တပ်ကလေကြောင်းမှ ဗုံးကြဲခဲ့ရာ CDM ဆရာဝန် ဒေါက်တာမြစိုးအောင် ၊ CDM အထက်တန်းသူနာပြုလည်းဖြစ် ၊ကိုယ်ဝန်ဆောင် ဇနီးသည်လည်းဖြစ်​သော ဒေါ်ခိုင်နှင်းဝေ ၎င်းတို့၏ သားဖြစ်သူတို့အပါအဝင်ဒေသခံ ၁၁ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

မေလ ၁၄ရက်ညကလည်း ဂန့်ဂေါမြို့နယ်လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့သည်။ ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

ထိုအပြင်စစ်ကောင်စီသည် ယောနယ်အတွင်း၌ လေကြောင်းဗုံးကြဲပြီး မြေပြင်တွင်လည်းစစ်
ကြောင်းလည်းထိုးနေသည်။

ဂန့်ဂေါမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ(၅၀)မှ စစ်ကောင်စီစစ်ကြောင်းသည် မေလ ၁၂ရက်က မြို့အရှေ့တောင်ဘက်ရှိ လယ်မရွာကို စီးနင်းဝင်ရောက်ပြီးနောက်အသက် ၆နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်သွားပြီး​ဒေသခံ ၁၁ဦးဖမ်းဆီးသွားသည်။

ထို့အပြင် မေလ ၁၉ရက်လည်းကျောက်ထုအမြောက်တပ်မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်သည်လက်နက်ကြီး၊ ဒရုန်းများဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ဆော၊ မင်းတပ်၊ ကျောက်ထုလမ်းပိုင်းမှ ဒေသခံများ သတိပြုရန်ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထား
သည်။

စစ်ကောင်စီသည် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေသည်။ အာဏာသိမ်းခေါင်း‌ဆောင်၏​ ​မေလဆန်းပိုင်းရုရှားနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောခဲ့ပြီး ယင်းကာလနောက်ပိုင်း ဒေသအနှံ့တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေသည်။ စစ်​ကောင်စီ၏ ​​ရွေး​ကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိနိုင်ဘဲ ပဋိပက္ခများ ပပိုမိုဆိုးရွားစေလိမ့်မည်ဟု NUG ၊ NUCC နှင့်​တော်လှန်​ရေးအင်အားစုများကသတိ​ပေးထားသည်

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

သတင်း

ပြည်သူများလေကြောင်းရန် အလေးထားပြင်ဆင်ကြရန် YDF တိုက်တွန်း

သတင်း

မကွေးတိုင်း၊ယောဒေသတွင်း စစ်ရေးအရှိန်မြှင့်တော့မည်ဖြစ်၍ ပြည်သူများစစ်ဘေးအန္တရာယ်ကို ပြင်ဆင်ချိန်ရောက်ပြီဟု ယောကာကွယ်ရေးတပ်(YDF)က ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် အသိပေးကြေညာသည်။