Connect with us

Hi, what are you looking for?

သတင်း

ယောဒေသကို စစ်ကောင်စီ စစ်ရေးပြင်နေ၊ ကျောက်ထုကို ဒရုန်းဗုံးကြဲ

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

ဒရုန်းဗုံးကြဲ၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - ယောအလင်းတန်း

ဩဂုတ်-၇၊ ၂၀၂၅။ မိထက်/People’s Spring

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

ကျောက်ထုမြို့နယ်၊ ကံကြီးရွာကို ယနေ့ ဩဂုတ် ၇ရက် နံနက် ၁၀နာရီ ၄၅မိနစ်တွင် ဗုံးကြဲခြင်းဖြစ်သည်။

“စစ်ကြောင်းတွေ လှုပ်ရှားလာတဲ့အပြင် လေကြောင်းကပါ တိုက်ခိုက်လာတာဖြစ်တယ်။ ယောနယ်တစ်ခုလုံးကို စစ်ရေးလှုပ်ရှားလာတာပါ”ဟု ဂန့်‌ ဂေါမြို့နယ်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ထုအမြောက်တပ်(၃၆၈)မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး အရပ်သားတစ်ဦးဒဏ်ရာရကာ နေအိမ်တစ်လုံးပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။ အင်အား ၁၀၀ကျော်ပါဝင်သော စစ်ကြောင်းသည် ရွာအနီး၌ ဆက်လက်ရှိနေသေးသည်။

ယောဒေသတွင် ပါဝင်သည့် ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဆောမြို့တို့တွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာခြင်းဖြစ်ပြီး မြေပြင်စစ်ကြောင်းအန္တရာယ်နှင့် လေကြောင်းအန္တရာယ်ကိုသတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ယောဒေသနှင့် ဆက်စပ်နေသော ပခုက္ကူ၊ ပေါက်မြို့နယ်တို့တွင်လည်း စစ်ကောင်စီစစ်ကြောင်းရှိနေပြီး ပြည်သူလူထုလုံခြုံရေးအတွက်သတိပေးထားကြောင်း ပခုက္ကူမြို့နယ်မှ ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။ ထို့အပြင် ယောဒေသနှင့် ဆက်စပ်နေသော နောက်ထပ်ဒေသတခုဖြစ်သည့် ချင်းပြည်နယ်မှ မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက သြဂုတ်လ၄ရက်နေ့တွင် လေကြောင်းမှဗုံးကြဲခဲ့၍ နေအိမ်များပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။