Connect with us

Hi, what are you looking for?

သတင်း

ယောဒေသကို စစ်ကောင်စီ စစ်ရေးပြင်နေ၊ ကျောက်ထုကို ဒရုန်းဗုံးကြဲ

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

ဒရုန်းဗုံးကြဲ၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - ယောအလင်းတန်း

ဩဂုတ်-၇၊ ၂၀၂၅။ မိထက်/People’s Spring

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

ကျောက်ထုမြို့နယ်၊ ကံကြီးရွာကို ယနေ့ ဩဂုတ် ၇ရက် နံနက် ၁၀နာရီ ၄၅မိနစ်တွင် ဗုံးကြဲခြင်းဖြစ်သည်။

“စစ်ကြောင်းတွေ လှုပ်ရှားလာတဲ့အပြင် လေကြောင်းကပါ တိုက်ခိုက်လာတာဖြစ်တယ်။ ယောနယ်တစ်ခုလုံးကို စစ်ရေးလှုပ်ရှားလာတာပါ”ဟု ဂန့်‌ ဂေါမြို့နယ်မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ထုအမြောက်တပ်(၃၆၈)မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး အရပ်သားတစ်ဦးဒဏ်ရာရကာ နေအိမ်တစ်လုံးပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။ အင်အား ၁၀၀ကျော်ပါဝင်သော စစ်ကြောင်းသည် ရွာအနီး၌ ဆက်လက်ရှိနေသေးသည်။

ယောဒေသတွင် ပါဝင်သည့် ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဆောမြို့တို့တွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာခြင်းဖြစ်ပြီး မြေပြင်စစ်ကြောင်းအန္တရာယ်နှင့် လေကြောင်းအန္တရာယ်ကိုသတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ယောဒေသနှင့် ဆက်စပ်နေသော ပခုက္ကူ၊ ပေါက်မြို့နယ်တို့တွင်လည်း စစ်ကောင်စီစစ်ကြောင်းရှိနေပြီး ပြည်သူလူထုလုံခြုံရေးအတွက်သတိပေးထားကြောင်း ပခုက္ကူမြို့နယ်မှ ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။ ထို့အပြင် ယောဒေသနှင့် ဆက်စပ်နေသော နောက်ထပ်ဒေသတခုဖြစ်သည့် ချင်းပြည်နယ်မှ မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက သြဂုတ်လ၄ရက်နေ့တွင် လေကြောင်းမှဗုံးကြဲခဲ့၍ နေအိမ်များပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook