Connect with us

Hi, what are you looking for?

သတင်း

ပဋိပက္ခတွေကြောင့်နေရပ်စွန့်ခွာထွက်ပြေးရတဲ့ မြန်မာကလေးငယ် သန်းတစ်ဝက်ကျော်လာပြီလို့ Save the Children ထုတ်ပြန်

မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစလို့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အခုနှစ်ထဲမှာတော့ နိုင်ငံအနှံ့ ပဋိပက္ခတွေ ပိုပြင်းထန်လာသလို နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေလည်း ပိုပြီး အရှိန်မြင့်လာနေတယ်လို့ Save the Childrenက ဆိုပါတယ်။

(စစ်အုပ်စုအာဏာသိမ်းမှု​နောက်ဆက်တွဲ တိုက်ပွဲနဲ့ ပဋိပက္ခ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရတဲ့က​လေးငယ်​တွေ။ ဓါတ်ပုံ-CJ)
(စစ်အုပ်စုအာဏာသိမ်းမှု​နောက်ဆက်တွဲ တိုက်ပွဲနဲ့ ပဋိပက္ခ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရတဲ့က​လေးငယ်​တွေ။ ဓါတ်ပုံ-CJ)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကလေးအရေအတွက်ဟာ သန်းဝက် ကျော်လွန်သွားပြီလို့ Save the Children အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစလို့ ပြည်တွင်းရေး မတည်ငြိမ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အခုနှစ်ထဲမှာတော့ နိုင်ငံအနှံ့ ပဋိပက္ခတွေ ပိုပြင်းထန်လာသလို နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေလည်း ပိုပြီး အရှိန်မြင့်လာနေတယ်လို့ Save the Childrenက ဆိုပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁.၄ သန်းကျော် ရှိလာရာမှာ ၁.၁ သန်းကျော်က စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်းမှာ တိုးပွားလာတာလို့ ဆိုပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ကလေးအရေအတွက်ကလည်း ၅ သိန်း ၂ သောင်းထိ ရောက်ရှိလာပြီး အာဏာသိမ်းမှုနောက်ပိုင်း တိုးလာတဲ့ ဦးရေက ၄ သိန်းနဲ့ ၇ ထောင်ကျော်လို့ Save the Childrenက မှတ်တမ်း ပြုစုထားပါတယ်။ အဲဒီထဲက ၆၃ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် ကလေးဦးရေ ၂ သိန်း ၅ သောင်း ၇ ထောင်ကတော့ လွန်ခဲ့တဲ့ ၉ လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာလို့လည်း သိရပါတယ်။

(စစ်အုပ်စုအာဏာသိမ်းမှု​နောက်ဆက်တွဲ တိုက်ပွဲနဲ့ ပဋိပက္ခ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရတဲ့က​လေးငယ်​တွေ။ ဓါတ်ပုံ-CJ)
(စစ်အုပ်စုအာဏာသိမ်းမှု​နောက်ဆက်တွဲ တိုက်ပွဲနဲ့ ပဋိပက္ခ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရတဲ့က​လေးငယ်​တွေ။ ဓါတ်ပုံ-CJ)

အခုတွက်ချက်ထားတဲ့ စာရင်းမှာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ထွက်ပြေးသွားပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေထိုင်နေကြတဲ့ ရိုဟင်ဂျာ ကလေးငယ် သန်းဝက်စာလောက်ကို ထည့်သွင်း တွက်ချက် မထားပါဘူး။ မြန်မာနိုင်ငံမှာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ မိသားစု အများစုဟာ သစ်တောဧရိယာတွေမှာ မည်ကာမတ္တ ဆောက်လုပ်ထားရတဲ့ နေရာလေးတွေမှာ ဖြစ်သလို နေထိုင်ကြရလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေကြောင့် ကလေးတွေ အနေနဲ့ ဆာလောင်မှု၊ ဖျားနာမှု၊ လူကုန်ကူးမှုနဲ့ အမြတ်ထုတ်ခံရမှု အစရှိတဲ့ အန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှုကို ကြီးကြီးမားမား ရင်ဆိုင်နေကြရတယ်လို့လည်း Save the Childrenက ဆိုပါတယ်။

နောက်ပြီး မြန်မာနိုင်ငံက နေရပ်စွန့်ခွာရတဲ့ ကလေးတွေဟာ လိုအပ်ချက်တွေ အရမ်းများပေမယ့် လူသားချင်း စာနာမှု အထောက်အပံ့တွေ ရရှိမှု အနည်းဆုံး ဖြစ်နေတယ်လို့လည်း Save the Childrenက သတိပေးထားပါတယ်။

ကလေးတွေ အပါအဝင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသူတွေဟာ ဒေသခံ ပရဟိတ အသင်းတွေနဲ့ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုကို အဓိက မှီခိုရလေ့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်မှုကို ပိတ်ပင်တာတွေ၊ ကန့်သတ်တာတွေ ရှိနေတာကြောင့် ဒီပစ္စည်းတွေကို အသည်းအသန် လိုအပ်နေတဲ့ နေရာတွေဆီ ပို့ဆောင်နိုင်ရေး အားထုတ်မှုတွေက ပြတ်တောင်းပြတ်တောင်း ဖြစ်သွားတတ်တယ်လို့လည်း Save the Childrenက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂ နှစ်လောက် ကာလအတွင်း ပြည်တွင်းပဋိပက္ခတွေ ပိုမိုဆိုးရွားလာခြင်းကြောင့် ကလေးတွေရဲ့ နေ့စဉ် ရှင်သန် နေထိုင်ရတဲ့ ဘဝဟာ အကြီးအကျယ် ခြိမ်းခြောက် ခံနေရကြောင်းလည်း Save the Childrenရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးတော့ စက်တင်ဘာ လတုန်းက စစ်ကိုင်းတိုင်းက စာသင်ကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁၇ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရယ်၊ ပြီးခဲ့တဲ့လက ချင်းပြည်နယ်မှာ ကျောင်းကနေ အိမ်ပြန်လာတုန်း ပေါက်ကွဲမှု တစ်ခုကြောင့် ကလေး ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ရယ်ကိုလည်း Save the Childrenက ဥပမာတွေအဖြစ် ကိုးကားပြသွားပါတယ်။

Save the Childrenဟာ မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနှစ် ကတည်းက ရောက်ရှိ အခြေစိုက်ခဲ့ပြီး လက်တွဲဖော် အဖွဲ့အစည်း ၅၀ ကျော်နဲ့အတူ ကလေးတွေရဲ့ ကျန်းမာရေး၊ အာဟာရ၊ ပညာရေးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အဖွဲ့ရဲ့ ကြေညာချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။