Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (နိုဝင်ဘာ ၃ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်ရဲ့ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မှာလို့ သံအမတ်ကြီးပြော

မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲပြောင်းပေးမှသာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ရန်စွယ်မှ ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကို ကယ်တင်ပေးနိုင်မှာလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။

ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော
ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော

လက်ရှိအချိန်ဟာ လူ့အခွင့်အရေးကောင်စီက သူရဲ့လုပ်ပိုင်ခွင့်အတွင်းမှ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)မှ လက်ခံရရှိထားတဲ့ သက်သေအထောက်အထားတွေကို ထိရောက်ဆောလျင်စွာအသုံးပြုဖို့ အချိန်ကျနေပြီလို့လည်း သံအမတ်ကြီးက မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။ IIMM ဟာ စစ်တပ်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုများအတွက် သန်းနဲ့ချီတဲ့ သက်သေအထောက်အထား အမြောက်အများကို လက်ခံရရှိထားပြီး လက်ရှိမှာ အဲဒီအထောက်အထားတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်အဖြစ်သို့ ပြောင်းလဲဖော်ဆောင်ရမယ့် အချိန်တန်ပြီလို့ သံအမတ်ကြီးက ထပ်လောင်းသတိပေးပါတယ်။

ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော
ICCသို့ လွှဲပြောင်းပေးမှသာ စစ်တပ်၏ရန်စွယ်မှ မြန်မာပြည်သူလူထုကို ကယ်တင်ပေးနိုင်မည်ဖြစ်ဟု သံအမတ်ကြီး ကုလ၌ ပြော

▪︎မင်းအောင်လှိုင်နဲ့နီးစပ်တဲ့ မြန်မာခရိုနီပိုင်ဆိုင်တဲ့မူးယစ်ဆက်စပ်​​ငွေ ​ဒေါ်လာ ၄၇ သန်း​ကျော်ကို ထိုင်းသိမ်းဆည်း

ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးမှုတွေအပြီး မြန်မာခရိုနီဦးထွန်းမင်းလတ်ပိုင်ဆိုင်တဲ့ မူးယစ်ဆေးဝါးကွန်ရက်နဲ့ ဆက်စပ်နေတဲ့ ခန့်မှန်းခြေ ထိုင်းဘတ်ငွေ ၁.၈ ဘီလီယံလောက်(အ​မေရီကန်​ဒေါ်လာ ၄၇ သန်း​ကျော်)ကို သိမ်းဆည်းရမိခဲ့တယ်လို့ မက်ထရိုပိုလီတန်ရဲဌာန(MPB)နဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဘုတ်အဖွဲ့ရဲ့ (ONCB)တို့ကကြေညာခဲ့ပါတယ်။ ထိုင်းတရားရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အမှုနဲ့ နောက်ထပ် အမှုတစ်ခုကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံ စုံစမ်းနေခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

မက်ထရိုပိုလီတန်ရဲဌာနရဲ့ ဒုတိယ အကြီးအကဲဖြစ်သူ ရဲမှူးချုပ်နီတီသောင်ဂျင်တာကာနွန်က ရဲတပ်ဖွဲ့ အရာရှိတွေဟာ ဦးထွန်းမင်းလတ်ရဲ့ မသင်္ကာစရာငွေကြေးအလွှဲအပြောင်းတွေကို ၂၀၁၉ ခုနှစ်မှာ စတင်ထောက်လှမ်းမိလာတယ်လို့အတည်ပြုပါတယ်။ အခုအခါမှာတော့ မက်ထရိုပိုလီတန်ရဲဌာနဟာ ဦးထွန်းမင်းလတ်နဲ့ဆက်စပ်တဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူကြောင်း အစီရင်ခံစာကို ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်မှုဘုတ်အဖွဲ့ရဲ့ဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ အဲဒီသိမ်းယူမှုတွေထဲမှာ မီးခံသေတ္တာထဲက ငွေသားတွေ၊ ကားတွေ၊ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေနဲ့ ဇိမ်ခံအသုံးအဆောင် ပစ္စည်းတွေအကျုံးဝင်ပြီး ခန့်မှန်းတန်ဖိုး ဘတ် ၁.၈ ဘီလီယံလောက် ရှိတယ်လို့ နီတီသောင်က ဆိုပါတယ်။

(ထိုင်းနိုင်ငံဘန်​ကောက်မှာ ၂၀၁၉ ခုနှစ်ကပြုလုပ်တဲ့လက်နက်ပြပွဲမှာမင်း​အောင်လှိုင်နဲ့အတူ​တွေ့ရတဲ့ထွန်းမင်းလတ်(ညာအစွန်ဒုတိယ​မြောက် အဝါ​ရောင်လည်စီးနဲ့ပုဂ္ဂိုလ်) ။ ။ဓါတ်ပုံ-မင်းအာင်လှိုင်​ဖေစ်ဘွခ်)
(ထိုင်းနိုင်ငံဘန်​ကောက်မှာ ၂၀၁၉ ခုနှစ်ကပြုလုပ်တဲ့လက်နက်ပြပွဲမှာမင်း​အောင်လှိုင်နဲ့အတူ​တွေ့ရတဲ့ထွန်းမင်းလတ်(ညာအစွန်ဒုတိယ​မြောက် အဝါ​ရောင်လည်စီးနဲ့ပုဂ္ဂိုလ်) ။ ။ဓါတ်ပုံ-မင်းအာင်လှိုင်​ဖေစ်ဘွခ်)

▪︎စစ်ကောင်စီတပ်မီးရှို့လို့ အောက်တိုဘာအတွင်းပြည်သူလူထုနေအိမ် ၁,၅၀၀ကျော် မီးလောင်ပျက်စီးခဲ့ဟု NUG ပြည်ထဲရေး ထုတ်ပြန်

စစ်ကောင်စီတပ်က ဒေသအသီးသီးရှိ ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်ခဲ့ရာ အောက်တိုဘာအတွင်း စစ်ကောင်စီတပ် မီးရှို့လို့ ပြည်သူလူထုနေအိမ် ၁,၅၀၀ကျော် ပျက်စီးခဲ့ရတယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ မီးရှို့ဖျက်စီးမှုတွေကို ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ စာရင်းပြုစုထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလို မီးရှို့ခံရတဲ့ ဒေသများအနက် စစ်ကိုင်းတိုင်းက အများဆုံးမီးရှို့ခံခဲ့ရပြီး လူနေအိမ်များအပြင် စပါးကျီ နဲ့ ကား၊ ဆိုင်ကယ်များ၊ ပြည်သူလူထုပိုင်ပစ္စည်းများ မီးရှို့ခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၆ မြို့နယ်မှ လူနေအိမ်စုစုပေါင်း ၁,၀၄၄ လုံး မီးရှိုခံခဲ့ရပြီး အချို့ဒေသမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကိုပါ သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းမှာလည်း မြို့နယ် ၆ ခုမှ လူနေအိမ် ၄၇၀ မီးရှို့ခံခဲ့ရပြီး အိမ်မွေးတိရိစ္ဆာန်နဲ့ အခြားပြည်သူပိုင် ပစ္စည်းများကိုလည်း မီးရှို့သတ်ဖြတ်ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

▪︎မိုးမောက် ဆုတောင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KIA လက်နက်ကြီးဖြင့် တိုက်ခိုက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ မနေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စွဲရာနေရာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးပါတယ်။ မနေ့ မနက်ပိုင်းကစလို့ KIA တပ်ဖွဲ့က စစ်ကောင်စီတပ်တွေ တပ်စွဲနေတဲ့ ဆုတောင်းတောင်နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို စစ်ကောင်စီရဲ့ မိုးမောက် ခမရ (၄၃၇)တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေတွေကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အဲဒီဒေသမှာ စစ်ကောင်စီတပ်က အနီးဝန်းကျင်သို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ မူကြိုကျောင်းဆောင်များ ပျက်စီးမှုရှိခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

▪︎ဖလမ်းရဲစခန်းမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာ

ချင်းပြည်နယ်၊ ဖလမ်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ CDF CDM Siyin တပ်ဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။ လုပ်သက်(၄)နှစ်ခွဲရှိပြီးဖြစ်တဲ့ အသက်(၂၅)နှစ်အရွယ် ရဲတပ်သားမန်ဆွမ်ဟာ နိုဝင်ဘာ ၁ ရက်က CDF CDM Siyin ထံ ရောက်ရှိလာတာလို့ သိရပါတယ်။ သူဟာ အစောပိုင်းကတည်း​က CDM ဝင်ရောက်ရန်စီစဥ်ထားပေမယ့် မိသားစုကို စစ်ကောင်စီတပ်က အကြပ်ကိုင်ထားတာကြောင့် အခုအချိန်မှ အလင်းဝင်နိုင်ခဲ့တာလို့ အလင်းဝင်လာတဲ့ ရဲတပ်သားမန်ဆွမ်က ပြောပါတယ်။ CDM စစ်ကောင်စီတပ်သားတွေကို ကြိုဆိုနေပေမယ့် အလုံးစုံစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့ Chinland Joint Defense Committee တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

▪︎ထီးလင်းနယ်မှာ စစ်ကြောင်းမှူးအပါအဝင် ခြောက်ဦးထက်မနည်းသေဟုဆို

ထီးလင်းမြို့နယ်မှာ အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ (ခလရ-၅၀)စစ်ကောင်စီတပ်ကို အနီးကပ်တိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် -YDFထီးလင်းက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF)
(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ – YDF)

အဲဒါ ကြောင့် စစ်ကြောင်းထိုးဖို့လာတဲ့ ပါးမျဥ်းကျေးရွာမှာ ညမအိပ်နိုင်ပဲ ထီးလင်းမြို့သို့ ပြန်လှည့်သွားရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးတပ်ကို YDF ထီးလင်းအထူးကွန်မန်ဒိုအဖွဲ့က အနီးကပ်ပစ်ခတ်နိုင်ခဲ့တာလို့ YDF ထီးလင်း တာဝန်ရှိသူက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သားကိုးဦးမှာ ကျည်ထိမှန်ကာ နေရာမှာ ပင်လဲကျခဲ့ရတယ်လို့ ဆိုပါတယ်။

(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF)
(ပါးမျဥ်းရွာတိုက်ပွဲ၌ ပြန်လည်ဆုတ်ခွာခဲ့ရသည့်စစ်ကောင်စီမှတပ်သားအချို့၏ မီးရှို့ပြီးကျန်​သောအရိုးစုများနှင့် သွေးကွက် များအား တွေ့ရစဉ်၊ ဓာတ်ပုံ – YDF)

▪︎ပျူနာရေးပို့ပြန်လာတဲ့ စစ်အုပ်စုကိုဒရုန်းငါးစီးနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူနာရေးပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများအပါအဝင် စစ်ကောင်စီစခန်းတွေကို ဒရုန်း ငါးစီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ မြင်းခြံခိရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ အရာတော်မြို့နယ်၊ သလဲဘာရွာမှာ မနေ့က တိုက်မိုင်းမိလို့ သေဆုံးသွားတဲ့ ပျူတစ်ဦးရဲ့ နာရေးကို ပို့ပြန်လာတဲ့ ပျူနဲ့ စစ်ကောင်စီတပ်တွေ၊ သဘဲရွာရှိ ပျူအခြေစိုက်စခန်းနဲ့ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်း၅စီးနဲ့ဗုံးအကြိမ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ခန့် ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ ကိုသက်ကြီးက ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဒရုန်းမောင်းနိုင်တဲ့ နေရာတွေကို (၆၀) မမ တွေနဲ့ ပတ်ပတ်လည် ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။

▪︎က​လေးမြို့မှာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် စပါးကျီ​တစ်ခု ပျက်စီး

ကလေးမြို့မှာ တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားနေထိုင်ရာနေရာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းက ပြည်သူတစ်ဦးရဲ့ စပါးကျီပေါ် ကျရောက်ပေါက်ကွဲခဲ့​တယ်လို့ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း ထောက်ကြန့်ကျေးရွာကို ဒီနေ့ နေ့ခင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

(စစ်​ကောင်စီတပ်ကလက်နက်ကြီးကျ၍ ပျက်စီးခဲ့​သောစပါးကျီ ။ဓါတ်ပုံ-က​လေးပကဖ)
(စစ်​ကောင်စီတပ်ကလက်နက်ကြီးကျ၍ ပျက်စီးခဲ့​သောစပါးကျီ ။ဓါတ်ပုံ-က​လေးပကဖ)

တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိ​ပေးပါတယ်။ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်ဟာ ကလေးမြို့ GTC ကျောင်းဝင်းအတွင်းရောက်ရှိနေပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။

(စစ်​ကောင်စီတပ်ကလက်နက်ကြီးကျ၍ ပျက်စီးခဲ့​သောစပါးကျီ ။ဓါတ်ပုံ-က​လေးပကဖ)
(စစ်​ကောင်စီတပ်ကလက်နက်ကြီးကျ၍ ပျက်စီးခဲ့​သောစပါးကျီ ။ဓါတ်ပုံ-က​လေးပကဖ)

▪︎ကင်းပတ်လာတဲ့ စစ်အုပ်စုကိုမြောင်ကာကွယ်ရေးတပ်ဖွဲ့ ပါဆယ်မိုင်းနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပါဆယ်မိုင်းနဲ့ တိုက်ခိုက်ရာ ငါးဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ မြောင်(MBTT) ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၂၉ ရက် ညက မြောင်နယ်မှာ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို မြောင်တောင်ဘက်အထွက် ရေကျော်မှာ မြောင်ဗိုလ်တောက်ထွန်း အထူးတပ်ဖွဲ့နဲ့အတူ မဟာမိတ်ညီနောင်တွေက ပါဆယ်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြောင်MBTT အထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိပြီး သုံးဦးမှာ မြောင်ဆေးရုံတွင်ကုသနေရကာ နှစ်ဦးမှာ မန္တလေးမြို့သို့သွားရောက်ကုသနေရတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို မြောင်ဗိုလ်တောက်ထွန်း (MBTTအထူးတပ်ဖွဲ့)၊ ဗိုလ်နေတိုး BNT ပြောက်ကျားအထူးတပ်ဖွဲ့၊ Hero မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Blood Brothers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။