Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ဒုံနယ်မြေစခန်းကို KNLA ဝင်စီးနင်းပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိဟုဆို

တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျိုက်ဒုံနယ်မြေစခန်းကို KNLA ဝင်စီးနင်းပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိဟုဆို
ကျိုက်ဒုံနယ်မြေစခန်းကို KNLA ဝင်စီးနင်းပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိဟုဆို

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရခဲ့သည်ဟု ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ(၂၈)ရက် ည(၉)နာရီခွဲအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ဒေါနစစ်ကြောင်း တပ်ခွဲ(၁)ပူပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန်(၁၀)မိနစ်ခန့်ရှိခဲ့ကာ သေနတ်(၁၃)လက်၊ မိုင်း၊ စိန်ပြောင်း၊ ဆက်သွယ်ရေးစက်၊ လက်ပစ်ဗုံး၊ ဗုံးသီးနှင့် ကျည်ဆံများစသော လက်နက်ခဲယမ်းများအား သိမ်းဆည်းရခဲ့သည်။

ကျိုက်ဒုံနယ်မြေစခန်းကို KNLA ဝင်စီးနင်းပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိဟုဆို
ကျိုက်ဒုံနယ်မြေစခန်းကို KNLA ဝင်စီးနင်းပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိဟုဆို

တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယခုတိုက်ခိုက်မှုသည် KIO/KIA နယ်မြေ အနန့်ပါဖြစ်စဉ်နှင့်တကွ နိုင်ငံတဝန်းတွင် စစ်ကောင်စီတပ်၏ တရားမဲ့လုပ်ရပ်များအပေါ် တုံ့ပြန်သောတိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု ဒေါနစစ်ကြောင်းမှ ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။