Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် ဒရုန်းစစ်ဆင်ရေးအဖွဲ့အား စစ်အုပ်စုဝင်တိုက်၊ ပျူခေါင်းဆောင်တစ်ဦး ဒဏ်ရာပြင်းထန်

မြိုင်(ပကဖ)တပ်ရင်း-၁ တပ်ခွဲ-၃သည် နိုဝင်ဘာ ၃ ရက် ညကလည်း မြိုင်အနောက်ဘက် စစ်အုပ်စုစခန်းအား အလစ်အငိုက်တိုက်ခိုက်ရာ ထိခိုက်မှုအချို့ရှိခဲ့သည်။

(အခင်းဖြစ်ပွားပြီးနောက် သိမ်းဆည်းခဲ့သည့် ပျူခေါင်းဆောင်၏ ဖုန်းနှင့်သွေးကွက်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ))
(အခင်းဖြစ်ပွားပြီးနောက် သိမ်းဆည်းခဲ့သည့် ပျူခေါင်းဆောင်၏ ဖုန်းနှင့်သွေးကွက်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ))

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဒရုန်းဖြင့် အီနာဂါချနေသည့်နေရာသို့ စစ်ကောင်စီတပ်ရောက်ရှိလာ၍ ပစ်ခတ်ခဲ့ကြရာ ပျူခေါင်းဆောင်တစ်ဦးပြင်းထန်ဒဏ်ရာရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ကျည်ထိမှန်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ)ခေါင်းဆောင် ကိုလက် ယျာက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၅ရက်)နံနက် ၁၀နာရီခွဲခန့်က မြိုင်(ပကဖ)တပ်ရင်း-၁သည် ပခုက္ကူမြို့နယ် ကျောက်စရစ်ကန်ရွာနှင့် မြိုင်နယ် သစ်ပင်ကြီးရွာသွားလမ်းတွင် စစ်ကောင်စီတပ်နှင့်ပျူများ ကင်းပုန်းဝပ်နေသောနေရာအား ဒရုန်းဖြင့် အီနာဂါဗုံးချကာ တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်က ကားဖြင့်ရောက်ရှိလာရာ ပကဖဘက်က အသင့်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ကျည်ထိမှန်သွားပြီး ပျူအကြီးစားခေါင်းဆောင် မင်းဇော်ဦး သေဆုံးနိုင်ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement
Public Service Announcement

နိုဝင်ဘာ ၁ရက်က မြိုင်နှင့် ပေါက်နယ်စပ်တွင် ကျဆုံးခဲ့သည့် ရဲဘော် ငါးဦးအတွက် လက်စားချေခြင်းဖြစ်ပြီး ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကင်းပုန်းဝပ်တာ ၁၂ ဦးလောက်ရှိတယ်။ အဲဒီနေရာကို အီနာဂါသွားချတာ။ အီနာဂါနှစ်လုံးချပြီးတဲ့အချိန်မှာ ဒီကောင်တွေက ကားနဲ့အသင့်နေရာယူထားတဲ့ကောင်တွေက ဝင်ပစ်တာ။ ကျွန်တော်တို့ဘက်ကလည်း ဒီကောင်တွေပစ်နိုင်တယ်ဆိုတာသိလို့ နေရာယူထားတဲ့အဖွဲ့က ပြန်ပစ်တာ။ ကားပေါ်က ဆင်းတဲ့အဖွဲ့နဲ့ ကင်းပုန်းဝပ်တဲ့အဖွဲ့ပေါင်းရင် ၂၃ ဦးလောက်ရှိမယ်။ သုံးကောင်ကျည်ထိမှန်တယ်။ ပျူခေါင်းဆောင် ဘုန်းကံရွာသား မင်းဇော်ဦးကတော့ သေနတ်တော်တော်ထိမယ်။ ဒဏ်ရာကစိုးရိမ်ရတဲ့အခြေအနေရှိလောက်တယ်။ သူ့ဖုန်းလည်း သိမ်းဆည်းရမိတယ်။”ဟု မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ထိခိုက်ဒဏ်ရာရသူများအား ကားဖြင့်လာသယ် သွားပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်နေသည်ဟု သိရကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

မြိုင်(ပကဖ)တပ်ရင်း-၁ တပ်ခွဲ-၃သည် နိုဝင်ဘာ ၃ ရက် ညကလည်း မြိုင်အနောက်ဘက် စစ်အုပ်စုစခန်းအား အလစ်အငိုက်တိုက်ခိုက်ရာ ထိခိုက်မှုအချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။