Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်တွင် ဒရုန်းစစ်ဆင်ရေးအဖွဲ့အား စစ်အုပ်စုဝင်တိုက်၊ ပျူခေါင်းဆောင်တစ်ဦး ဒဏ်ရာပြင်းထန်

မြိုင်(ပကဖ)တပ်ရင်း-၁ တပ်ခွဲ-၃သည် နိုဝင်ဘာ ၃ ရက် ညကလည်း မြိုင်အနောက်ဘက် စစ်အုပ်စုစခန်းအား အလစ်အငိုက်တိုက်ခိုက်ရာ ထိခိုက်မှုအချို့ရှိခဲ့သည်။

(အခင်းဖြစ်ပွားပြီးနောက် သိမ်းဆည်းခဲ့သည့် ပျူခေါင်းဆောင်၏ ဖုန်းနှင့်သွေးကွက်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ))
(အခင်းဖြစ်ပွားပြီးနောက် သိမ်းဆည်းခဲ့သည့် ပျူခေါင်းဆောင်၏ ဖုန်းနှင့်သွေးကွက်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ))

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဒရုန်းဖြင့် အီနာဂါချနေသည့်နေရာသို့ စစ်ကောင်စီတပ်ရောက်ရှိလာ၍ ပစ်ခတ်ခဲ့ကြရာ ပျူခေါင်းဆောင်တစ်ဦးပြင်းထန်ဒဏ်ရာရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ကျည်ထိမှန်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ)ခေါင်းဆောင် ကိုလက် ယျာက ပြောသည်။

ယနေ့ (နိုဝင်ဘာ ၅ရက်)နံနက် ၁၀နာရီခွဲခန့်က မြိုင်(ပကဖ)တပ်ရင်း-၁သည် ပခုက္ကူမြို့နယ် ကျောက်စရစ်ကန်ရွာနှင့် မြိုင်နယ် သစ်ပင်ကြီးရွာသွားလမ်းတွင် စစ်ကောင်စီတပ်နှင့်ပျူများ ကင်းပုန်းဝပ်နေသောနေရာအား ဒရုန်းဖြင့် အီနာဂါဗုံးချကာ တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်က ကားဖြင့်ရောက်ရှိလာရာ ပကဖဘက်က အသင့်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ကျည်ထိမှန်သွားပြီး ပျူအကြီးစားခေါင်းဆောင် မင်းဇော်ဦး သေဆုံးနိုင်ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement
Public Service Announcement

နိုဝင်ဘာ ၁ရက်က မြိုင်နှင့် ပေါက်နယ်စပ်တွင် ကျဆုံးခဲ့သည့် ရဲဘော် ငါးဦးအတွက် လက်စားချေခြင်းဖြစ်ပြီး ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကင်းပုန်းဝပ်တာ ၁၂ ဦးလောက်ရှိတယ်။ အဲဒီနေရာကို အီနာဂါသွားချတာ။ အီနာဂါနှစ်လုံးချပြီးတဲ့အချိန်မှာ ဒီကောင်တွေက ကားနဲ့အသင့်နေရာယူထားတဲ့ကောင်တွေက ဝင်ပစ်တာ။ ကျွန်တော်တို့ဘက်ကလည်း ဒီကောင်တွေပစ်နိုင်တယ်ဆိုတာသိလို့ နေရာယူထားတဲ့အဖွဲ့က ပြန်ပစ်တာ။ ကားပေါ်က ဆင်းတဲ့အဖွဲ့နဲ့ ကင်းပုန်းဝပ်တဲ့အဖွဲ့ပေါင်းရင် ၂၃ ဦးလောက်ရှိမယ်။ သုံးကောင်ကျည်ထိမှန်တယ်။ ပျူခေါင်းဆောင် ဘုန်းကံရွာသား မင်းဇော်ဦးကတော့ သေနတ်တော်တော်ထိမယ်။ ဒဏ်ရာကစိုးရိမ်ရတဲ့အခြေအနေရှိလောက်တယ်။ သူ့ဖုန်းလည်း သိမ်းဆည်းရမိတယ်။”ဟု မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ထိခိုက်ဒဏ်ရာရသူများအား ကားဖြင့်လာသယ် သွားပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်နေသည်ဟု သိရကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

မြိုင်(ပကဖ)တပ်ရင်း-၁ တပ်ခွဲ-၃သည် နိုဝင်ဘာ ၃ ရက် ညကလည်း မြိုင်အနောက်ဘက် စစ်အုပ်စုစခန်းအား အလစ်အငိုက်တိုက်ခိုက်ရာ ထိခိုက်မှုအချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။