Connect with us

Hi, what are you looking for?

သတင်း

လိပ်သိုမြို့နယ်တွင် စျေးဝယ်ထွက်လာသော စစ်ကောင်စီတပ်သားနှစ်ဦး ရှင်းလင်းခံရ၊ MA 3 တစ်လက်ရရှိ

တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့ ညနေ၄နာရီခွဲခန့်တွင် လိပ်သိုမြို့နယ်၊သံမိုးတောင်ကျေးရွာ၊ ပိန္သီလာလမ်းခွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးကို ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

လိပ်သိုမြို့နယ်တွင် စျေးဝယ်ထွက်လာသော စစ်ကောင်စီတပ်သားနှစ်ဦး ရှင်းလင်းခံရ၊ MA 3 တစ်လက်ရရှိ
လိပ်သိုမြို့နယ်တွင် စျေးဝယ်ထွက်လာသော စစ်ကောင်စီတပ်သားနှစ်ဦး ရှင်းလင်းခံရ၊ MA 3 တစ်လက်ရရှိ

ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်တွင် စျေးဝယ်ထွက် လာသော စစ်ကောင်စီတပ်သားနှစ်ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး MA 3 တစ်လက်ရရှိကြောင်းPeople Defence Force Thandaung က ယနေ့(နိုဝင်ဘာ ၆ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့ ညနေ၄နာရီခွဲခန့်တွင် လိပ်သိုမြို့နယ်၊သံမိုးတောင်ကျေးရွာ၊ ပိန္သီလာလမ်းခွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးကို ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

MA3သေနတ်တစ်လက်နှင့် MA3 ကျည်၂၅တောင့် ရရှိခဲ့ကာ စစ်ကောင်စီတပ်သားနှစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဖော်ပြ သည်။

စစ်ကောင်စီလက်ပါးစေဒလန်များအနေဖြင့်လည်း ယခုကိစ္စကို နမူနာယူ၍ နောင်တရပြောင်းလဲရန် သတိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့်လည်း သွားသတိ၊လာသတိဖြင့် အရိပ်အခြေအနေ အမြဲမပြတ် စောင့်ကြည့်လေ့လာကြရန်လည်း People Defence Force Thandaung က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။