Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နယ်သို့ဦးတည်လာသည့် စစ်ကောင်စီရေယာဉ်နှစ်စီး ရမ်းသမ်းပစ်ခတ်နေ၍ ဧရာဝတီမြစ်ဘေးရှိ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

” ရွာကလူတွေ တော်လှန်ရေးအတွက် ခံနေကြတာ ဒီထက်မကဘူး။ အိမ်မီးရှို့ခံ၊တောင်သူအလုပ်ပျက်၊ မြို့ကလူတွေလို အသာလေးနေလို့မရဘူး။ ကူရမယ့်အပိုင်းက မြို့ပေါ်က လူတွေအလုပ်ပေါ့ဗျာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်နေရသော မြောင်နယ်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
စစ်ဘေးရှောင်နေရသော မြောင်နယ်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း မြောင်မြို့သို့ဦးတည်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီရေယာဉ်နှစ်စီးသည် ယနေ့ ဆန်တက်လာပြီး ရမ်းသမ်းပစ်ခတ်နေ၍ မြစ်ကမ်းဘေးရှိ ကျေးရွာငါးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

“တိုက်ရေယာဉ်ပါ ပါလာတယ်လို့ ကြားတယ်။ မြစ်ကြောင်းထဲကနေ ရမ်းသမ်းပစ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်။ စစ်ကြောင်းကလည်း ထိုးနေတာမို့ ရွာကို ပြန်မကပ်နိုင်ဘဲ အကူအညီတွေလိုအပ်နေပါတယ်”ဟု မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ဘေးရှောင်နေရသော မြောင်နယ်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
စစ်ဘေးရှောင်နေရသော မြောင်နယ်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

စစ်ကောင်စီရေယာဉ်နှစ်စီးမှာ ယနေ့(နိုဝင်ဘာ ၆ရက်)နံနက်တွင် မြောင်နှင့်ချောင်းဦးမြို့နယ်အစပ်အနီး ဆင်ဖြုရှင်တံတားသို့ ရောက်ရှိလာပြီး ယင်းနေရာတွင် တပ်စွဲနိုင်သည်ဟု သတင်းများထွက်ပေါ်နေသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦးထက်မနည်း လိုက်ပါလာသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” အရာရှိပါတယ်ကြားတယ်။လူချင်းချိန်းမယ့်ပုံစံမှာရှိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယနေ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ကျောက်တန်းနှင့်သရက်ကုန်းကျေးရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကို ‌ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီပေးကြပါရန် မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက မေတ္တာရပ်ခံသည်။

မြောင်နယ်မှ စစ်ဘေးရှောင်များအား လှူဒါန်းလိုပါက မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့- မြိုင်(ပအဖ)၏ ဖေ့ဘွတ်စ်စာမျက်နှာ https://www.facebook.com/profile.php?id=100079992516614သို့ ဆက်သွယ်နိုင်ပါသည်။

“ရွာကလူတွေ တော်လှန်ရေးအတွက် ခံနေကြတာ ဒီထက်မကဘူး။ အိမ်မီးရှို့ခံ၊တောင်သူအလုပ်ပျက်၊ မြို့ကလူတွေလို အသာလေးနေလို့မရဘူး။ ကူရမယ့်အပိုင်းက မြို့ပေါ်က လူတွေအလုပ်ပေါ့ဗျာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။