Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်သို့ဦးတည်လာသည့် စစ်ကောင်စီရေယာဉ်နှစ်စီး ရမ်းသမ်းပစ်ခတ်နေ၍ ဧရာဝတီမြစ်ဘေးရှိ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

” ရွာကလူတွေ တော်လှန်ရေးအတွက် ခံနေကြတာ ဒီထက်မကဘူး။ အိမ်မီးရှို့ခံ၊တောင်သူအလုပ်ပျက်၊ မြို့ကလူတွေလို အသာလေးနေလို့မရဘူး။ ကူရမယ့်အပိုင်းက မြို့ပေါ်က လူတွေအလုပ်ပေါ့ဗျာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်နေရသော မြောင်နယ်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
စစ်ဘေးရှောင်နေရသော မြောင်နယ်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း မြောင်မြို့သို့ဦးတည်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီရေယာဉ်နှစ်စီးသည် ယနေ့ ဆန်တက်လာပြီး ရမ်းသမ်းပစ်ခတ်နေ၍ မြစ်ကမ်းဘေးရှိ ကျေးရွာငါးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

“တိုက်ရေယာဉ်ပါ ပါလာတယ်လို့ ကြားတယ်။ မြစ်ကြောင်းထဲကနေ ရမ်းသမ်းပစ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်။ စစ်ကြောင်းကလည်း ထိုးနေတာမို့ ရွာကို ပြန်မကပ်နိုင်ဘဲ အကူအညီတွေလိုအပ်နေပါတယ်”ဟု မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ဘေးရှောင်နေရသော မြောင်နယ်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
စစ်ဘေးရှောင်နေရသော မြောင်နယ်ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

စစ်ကောင်စီရေယာဉ်နှစ်စီးမှာ ယနေ့(နိုဝင်ဘာ ၆ရက်)နံနက်တွင် မြောင်နှင့်ချောင်းဦးမြို့နယ်အစပ်အနီး ဆင်ဖြုရှင်တံတားသို့ ရောက်ရှိလာပြီး ယင်းနေရာတွင် တပ်စွဲနိုင်သည်ဟု သတင်းများထွက်ပေါ်နေသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ဦးထက်မနည်း လိုက်ပါလာသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” အရာရှိပါတယ်ကြားတယ်။လူချင်းချိန်းမယ့်ပုံစံမှာရှိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယနေ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ကျောက်တန်းနှင့်သရက်ကုန်းကျေးရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကို ‌ဒေသခံပြည်သူများက ဝိုင်းဝန်းကူညီပေးကြပါရန် မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက မေတ္တာရပ်ခံသည်။

မြောင်နယ်မှ စစ်ဘေးရှောင်များအား လှူဒါန်းလိုပါက မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့- မြိုင်(ပအဖ)၏ ဖေ့ဘွတ်စ်စာမျက်နှာ https://www.facebook.com/profile.php?id=100079992516614သို့ ဆက်သွယ်နိုင်ပါသည်။

“ရွာကလူတွေ တော်လှန်ရေးအတွက် ခံနေကြတာ ဒီထက်မကဘူး။ အိမ်မီးရှို့ခံ၊တောင်သူအလုပ်ပျက်၊ မြို့ကလူတွေလို အသာလေးနေလို့မရဘူး။ ကူရမယ့်အပိုင်းက မြို့ပေါ်က လူတွေအလုပ်ပေါ့ဗျာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။