Connect with us

Hi, what are you looking for?

သတင်း

ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ

ပဲခူးရွှေမော်ဓောဘုရားတန်ဆောင်တိုင်ပွဲတော်အားယမန် နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ရွှေမော်ဓောဘုရားယာဥ်ရပ်နားဝင်းတွင်မီးပုံးပျံပွဲနှင့် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။

ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ
ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ

▪︎လူမစည်ကားဘဲ မီးပုံးပျံတစ်လုံးပျက်ကျ၍ မီးလန့်မှုဖြစ်

ပဲခူးတိုင်း၊ ပဲခူးမြို့၌ စစ်ကောင်စီတ​ပ်က ပြုလုပ်သည့် မီးပုံးပျံပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်ဆိုကာ မီးပုံးပျံလွှတ်တင်ခဲ့ရာ မြန်မာနိုင်ငံအလံ ပြုတ်ကျခဲ့ကြောင်းဒေသခံများက ပြောသည်။

ပဲခူးရွှေမော်ဓောဘုရားတန်ဆောင်တိုင်ပွဲတော်အားယမန် နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ရွှေမော်ဓောဘုရားယာဥ်ရပ်နားဝင်းတွင်မီးပုံးပျံပွဲနှင့် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။

ထိုပွဲ၌ ဘုရားကြီးဂေါပကဖအဖွဲ့က မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ မီးပုံးပျံလွှတ်တင်ခဲ့ရာ မီးပုံးပျံအောက်ရှိ ငြိမ်းချမ်းရေးငှက်နှင့် မြန်မာနိုင်ငံအလံပုံစံတို့ကို မီးသီးများဖြင့်အလှဆင်ပုံ​ဖော်ထားရာ အလံအပေါ် ပိုင်းပြုတ်ကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ
ပဲခူး စစ်ကောင်စီ၏ မီးပုံးပျံပွဲ၌ ငြိမ်းချမ်းရေးမီးပုံးမှမြန်မာနိုင်ငံအလံ ပြုတ်ကျ

“ဘုရားကြီးအဖွဲ့လွှတ်တာ မြန်မာနိုင်ငံ အလံကြီးပြတ်ကျသွားတယ်။ မီးပုံးလွှတ်တင်ခါနီး မြန်မာနိုင်ငံအလံ အပေါ်ပိုင်းပြတ်ကျသွားတာ”ဟု ပဲခူးမြို့ခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ည ၈ နာရီခွဲခန့်တွင် ပဲခူးမြို့၊ ကျိုက်ပွန်ဘုရားလမ်း၊ ငါးမျှားချိတ် စက်ရုံအပေါ်ကို မီးပုံးပျံပြုတ်ကျပြီး မီးလန့်မူဖြစ်ပွားခဲ့ရာ မီးသတ်ကား (၇)စီး၊ Ambulance (၁) စီး ထွက်သွားခဲ့ကြောင်း၊ ပဲခူးမြို့ပေါ်၌ အခြားမီးပုံးပျံ လွှတ်တင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီ၏တန်​ဆောင်တိုင်ပွဲ​တော်နှင်မီးပုံးပျံပွဲမှာထင်သ​လောက်လူစည်ကားခြင်းမရှိဘဲ မီးပုံးပျံကြီး ၆ လုံး လွှတ်တင်ခဲ့ပြီး နောက်ဆုံးအလုံးလွတ်ချိန်၌ လူမရှိသလောက် ပါးသွားခဲ့ကြောင်း ဒေသခံအချို့က ​ပြောသည်။ ထိုအပြင် အဆိုပါပွဲသို့လာ​ရောက်သူ အများစုမှာ ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ပြီး ၊စစ်​ကောင်စီကဌာနတစ်ခုလျှင်လူ ၁၀ ယောက် မဖြစ်မနေတက်​စေ​ကြောင်းလည်း ​ဒေသံများကပြောသည်။

ဖျော်ဖြေပွဲကို မိုးအောင်ရင်၊ အိုင်းရင်းဇင်မာမြင့်၊ အေးမြဖြူတို့ ပါဝင်ခဲ့​ကြောင်းသိရသည်။

ရွှေမော်ဓော ဘုရားရင်ပြင်တော်ပေါ်၌လည်း မသိုး သင်္ကန်းကပ်ပြိုင်ပွဲကို ည ၇ နာရီခွဲခန့်တွင် ပြုလုပ်ခဲ့ပြီး လာရောက်သူနည်းပါးခဲ့သည်ဟု ဒေသခံများက ပြောသည်။အလားတူ ပွဲ​တော်အတွင်းပြခန်းများတွင်လည်း လူနည်းပါးခဲ့​ကြောင်းသိရသည်။

“ပဲခူးမြို့ကပြည်သူအများစုကနာကျည်းချက်ကြောင့်မသွားကြဘူးလို့ မြင်ပါတယ်”ဟု​ဒေသခံတစ်ဦးက​ပြောသည်။ ၂၀၂၁ဧပြီ ၉ ရက်တွင် ပဲခူ မြို့ မှဆန္ဒပြ လူငယ်များကို စစ်​ကောင်စီတပ်က တိုက်ပွဲသုံးလက်နက်များအသုံးပြု ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်ဖြိုခွင်းခဲ့ရာ တစ်ရက်ထဲ ပြည်သူ ၈၀ ကျော်ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။