Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့တွင် KTV မှပြန်လာသော G1 ပါ စစ်ကောင်စီယာဥ်တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုကို သြဂုတ် ၆ ရက် ည ၉ နာရီခန့်တွင် ချင်စုအထပ်သား စက်ရုံလမ်းကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးပေ။

(၂၀၂၁ ဖေဖော်ဝါရီ၂၈ရက်က ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားအနီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အာဏာသိမ်းစစ်ကောင်စီလက်ပါးစေများက အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ ဖေဖော်ဝါရီ၂၈ရက်က ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားအနီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အာဏာသိမ်းစစ်ကောင်စီလက်ပါးစေများက အကြမ်းဖက် ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)

ပဲခူးမြို့ပေါ်တွင် KTV ဆိုင်မှပြန်လာသော G1 တစ်ဦးလိုက်ပါလာသည့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (သြဂုတ် ၉) အသိပေးထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို သြဂုတ် ၆ ရက် ည ၉ နာရီခန့်တွင် ချင်စုအထပ်သား စက်ရုံလမ်းကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးပေ။

Public Service Announcement
Public Service Announcement

“ချင်စု အထပ်သားစက်ရုံလမ်းထိပ်နားမှာ (မိုင်း) ပေါက်တာ။ ထိခိုက်သေဆုံး တော့ မသိရဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ပဲခူးမြို့ရှိ လူကြီးမင်း KTV ဆိုင်သည် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ချင်စုအထပ်သားစက်ရုံလမ်းမှာ ၎င်းဆိုင်၏မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဗိုလ်မှူးနဲ့ အမျိုးသမီးတရားသူကြီးနှစ်ဦးကိုချန်လှပ်ပြီးအမှုလမ်းကြောင်းပြောင်းဖို့စီစဥ်​

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။