Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ (၆) နယ်မြေအတွင်း ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေ အသေးစိတ်မသိရသေးဟုဆို

စစ်ကောင်စီတပ်သည် မြ၀တီ-ဝေါ်လေ ကားလမ်းမ၏ မြောက်ဘက်ပိုင်းဖြစ်သည့် ရေပူ ညောင်ချောင်းဘက်မှ ထိုးစစ်ဆင်မှုများလုပ်ဆောင်နေသလို မြ၀တီ-ဝေါ်လေ ကားလမ်း တောင်ဘက်ခြမ်းဖြစ်သည့် တောင်နီးကျေးရွာဘက်မှလည်း နယ်မြေကျူးကျော်ပြီး ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ကောင်စီလေယာဉ်တစ်စီး - ပုံဟောင်း
စစ်ကောင်စီလေယာဉ်တစ်စီး - ပုံဟောင်း

ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ(၆)ဒေသတွင် ယနေ့နေ့လည်ပိုင်းက စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်တပ်မဟာ(၆)နယ်မြေတွင်ရှိသော ဘလဲ့ဒိုကျေးရွာဝန်းကျင်တစ်ဝိုက်တွင် ယနေ့ နံနက်(၁၁)နာရီအချိန်ကစပြီး နေ့လည်တစ်နာရီအထိ စစ်ကောင်စီတပ်က MI-35 က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ မသိရှိရသေးကြောင်း ကော်ဘရာစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

” MI-35 တစ်စီးရယ် ကင်းထောက်လေယာဉ်တစ်စီးပေါ့နော်၊ ဒီနှစ်စီးပဲ ဝဲပျံမှုတွေရှိပါသေးတယ်ဗျ။ ဘလက်ဒိုကျေးရွာနဲ့ ရွာစဉ်တန်းဖြစ်တဲ့ သေ့ဘော့ဘိုးနဲ့ တောင်နီကျေးရွာတွေမှာ မနေ့က ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကို ​ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာဖြစ်တဲ့အတွက်ကို အဲ့ဒီအနီးပတ်ဝန်းကျင်ကို သူတို့ချေမှုန်းတဲ့သဘောအနေနဲ့ ထိုးစစ်ဆင်တဲ့သဘောအနေနဲ့ ဒါလေယာဉ်အသုံးပြုပြီးတော့ ကြဲတာဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မြ၀တီ-ဝေါ်လေ ကားလမ်းမ၏ မြောက်ဘက်ပိုင်းဖြစ်သည့် ရေပူ ညောင်ချောင်းဘက်မှ ထိုးစစ်ဆင်မှုများလုပ်ဆောင်နေသလို မြ၀တီ-ဝေါ်လေ ကားလမ်း တောင်ဘက်ခြမ်းဖြစ်သည့် တောင်နီးကျေးရွာဘက်မှလည်း နယ်မြေကျူးကျော်ပြီး ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အတူ မြ၀တီ-ဝေါ်လေ ကားလမ်းပိုင်းမှာရှိသည့် ကျော့ဝါးဘိုးဘုရားကုန်းနှင့် မြွေသုံးကောင်ဘုရားကုန်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများထားရှိပြီး ယင်းလမ်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေသည်ဟု ကော်ဘရာစစ်ကြောင်းက ဆိုသည်။

“နည်းဗျူဟာ ၄၄၁(စစ်ကောင်စီ)အဖွဲ့တွေက မြ၀တီ-ဝေါ်လေ ကားလမ်းမရဲ့ မြောက်ဘက်ခြမ်းကို ဦးတည်လာပြီးတော့ ဒီတောင်ဘက်ခြမ်းမှာဆိုရင်တော့ (၄၄၃)လက်အောက်ခံထဲက ဦးတည်လာတာဖြစ်ပါတယ်။ အလယ်မှာတော့ ကော်ဘရာစစ်ကြောင်းက နှစ်ဖက်ကို စစ်ဆိုင်နေရတဲ့သဘောပဲဖြစ်ပါတယ်” ကော်ဘရာစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာ(၉)ရက်နေ့တွင် မြ၀တီ-ဝေါ်လေ ကားလမ်းမအနီး ဆုံဆည်းမြိုင်ကျေးရွာမှ တောင်နီ၊ သေ့ဘော့ဘိုး စသော ကျေးရွာများအနီးသို့ ကျူးကျော်လာသည့် အင်အား(၁၅၀)ခန့်ရှိသော စစ်ကောင်စီတပ်များအား နယ်မြေလုံခြုံရေးဆောင်ရွက်နေသော ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့မှာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅) စော်မူပလောကျေးရွာအုပ်စုအတွင်း နိုဝင်ဘာလ(၉)ရက်နေ့ နံနက်အစောပိုင်းအချိန်က စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်ခြင်းပြုလုပ်ခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီသွားခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။