Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းတွင် အရပ်သားတစ်ဦးကို သတ်ဖြတ်သည့် စစ်ကောင်စီက PDF သတ်ဖြတ်သည်ဆိုကာ ဝါဒဖြန့်နေ

ဘုတ်ပြင်းမြို့နယ်မှ ဆီအုန်းခြံလုပ်သား ကိုဟိန်းမင်းကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ရက် တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာ၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခြင်း ဖြစ်သည်။

ဘုတ်ပြင်းတွင် အရပ်သားတစ်ဦးကို သတ်ဖြတ်သည့် စစ်ကောင်စီက PDF သတ်ဖြတ်သည်ဆိုကာ ဝါဒဖြန့်နေ
ဘုတ်ပြင်းတွင် အရပ်သားတစ်ဦးကို သတ်ဖြတ်သည့် စစ်ကောင်စီက PDF သတ်ဖြတ်သည်ဆိုကာ ဝါဒဖြန့်နေ

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ် သည်ကို PDFက သတ်သွားသည့်ဟု ဝါဒဖြန့်ကာ ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ် ရေးတပ်များအကြား သွေးခွဲနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်၊ အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဘုတ်ပြင်းမြို့နယ်မှ ဆီအုန်းခြံလုပ်သား ကိုဟိန်းမင်းကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ရက် တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာ၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခြင်း ဖြစ်သည်။

PDF ရဲဘော်အများစုသုံးသည့် ကိုးလုံးကျည်ဆန် မှ ကျည်ခွံတစ်ခု ကိုဟိန်းမင်းကျော်၏ ရုပ်အလောင်းဘေးတွင် စစ်ကောင်စီက တမင်ချသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ် (၁)တပ်ရင်း က သတင်းထုတ်ပြန်ထားသည်။

“အလောင်းတွေ့ရှိစဥ် အလောင်းအနီး ကိုးလုံးကျည်ခွံ (၁) ခု အားတွေ့ရှိရသဖြင့် မိမိတို့ ပြည့်သူ့ရဲဘော်များအသုံးပြုလေ့ရှိသည့် ကိုးလုံးကျည်ခွံအား တမင်ချန်ခဲ့၍ ပြည်သူ့ကာကွယ်ရေးရဲဘော်များသတ်ဖြတ်ခဲ့သည်ဟု ထင်မြင်စေရန် ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်ခဲ့ပြီး ကျေးရွာ/ ရပ်ကွက်များအတွင်းတွင်လည်း စကစတပ်နှင့် ပတ်သက်ဆက်နွယ်နေသူများမှ ကိုဟိန်းမင်းကျော်အား ပြည်သူ့ကာကွယ်ရေးတပ်များ ပစ်သတ်သွားသည်ဟု မဟုတ်မမှန်သတင်းများလွှင့်၍ ပြည်သူ့ကာကွယ်ရေးတပ်များအပေါ် ပြည်သူလူထုများ အထင်အမြင်လွဲမှားစေရန် ဝါဒမှိုင်းများ ဖြန့်ချီနေကြောင်းသိရှိရပါသည်”ဟု လူထုအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီသည် ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား သွေးကွဲစေရန်အတွက် ကောက်ကျစ် ယုတ်မာသောနည်းလမ်းအမျိုးမျိုးအသုံးပြု၍ သွေးထိုးလှုံ့ဆော်ခြင်း၊ ရန်တိုက်ခြင်းနှင့် ဝါဒဖြန့်ချီခြင်းများ ပြုလုပ်နေသည်ဟု သတိပေးထားသည်။

ကိုဟိန်းမင်းကျော် သေဆုံးမှုသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ်(၁) တပ်ရင်းနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ရှင်းလင်းထားသည်။

“တနင်္သာရီဒေသ တော်လှန်စစ်က အားကောင်းလာတဲ့အခါ စစ်ကောင်စီက သွေးခွဲဖို့ဗျူဟာ ထုတ်သုံးလာတာ။ လူထုအနေနဲ့ လုံခြုံရေးရော၊စစ်ခွေးတွေ သွေးခွဲမယ့် အကြံအစည်အရေးပါ ဂရုစိုက်ပေးပါ”ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း တနင်္သာရီဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတိုက်ပွဲများ ပြင်းထန်နေသည်။

ပုလောမြို့နယ် ကဒဲကျေးရွာတွင် နိုဝင်ဘာ ၁၀ ရက် နံနက်မှ နေ့လယ်အထိ ၄နာရီခန့်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး‌ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဖက် မှ ထိခိုက်မှုမရှိပြန်လည်ခွာ စစ်ဆင်နိုင်ခဲ့သည်ဟု တနင်္သာရီစစ်ဒေသခွဲ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။