Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတ်ပြင်းတွင် အရပ်သားတစ်ဦးကို သတ်ဖြတ်သည့် စစ်ကောင်စီက PDF သတ်ဖြတ်သည်ဆိုကာ ဝါဒဖြန့်နေ

ဘုတ်ပြင်းမြို့နယ်မှ ဆီအုန်းခြံလုပ်သား ကိုဟိန်းမင်းကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ရက် တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာ၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခြင်း ဖြစ်သည်။

ဘုတ်ပြင်းတွင် အရပ်သားတစ်ဦးကို သတ်ဖြတ်သည့် စစ်ကောင်စီက PDF သတ်ဖြတ်သည်ဆိုကာ ဝါဒဖြန့်နေ
ဘုတ်ပြင်းတွင် အရပ်သားတစ်ဦးကို သတ်ဖြတ်သည့် စစ်ကောင်စီက PDF သတ်ဖြတ်သည်ဆိုကာ ဝါဒဖြန့်နေ

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ် သည်ကို PDFက သတ်သွားသည့်ဟု ဝါဒဖြန့်ကာ ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ် ရေးတပ်များအကြား သွေးခွဲနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်၊ အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဘုတ်ပြင်းမြို့နယ်မှ ဆီအုန်းခြံလုပ်သား ကိုဟိန်းမင်းကျော်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ရက် တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာ၉ရက်တွင် ရုပ်အလောင်းပြန်တွေ့ခြင်း ဖြစ်သည်။

PDF ရဲဘော်အများစုသုံးသည့် ကိုးလုံးကျည်ဆန် မှ ကျည်ခွံတစ်ခု ကိုဟိန်းမင်းကျော်၏ ရုပ်အလောင်းဘေးတွင် စစ်ကောင်စီက တမင်ချသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ် (၁)တပ်ရင်း က သတင်းထုတ်ပြန်ထားသည်။

“အလောင်းတွေ့ရှိစဥ် အလောင်းအနီး ကိုးလုံးကျည်ခွံ (၁) ခု အားတွေ့ရှိရသဖြင့် မိမိတို့ ပြည့်သူ့ရဲဘော်များအသုံးပြုလေ့ရှိသည့် ကိုးလုံးကျည်ခွံအား တမင်ချန်ခဲ့၍ ပြည်သူ့ကာကွယ်ရေးရဲဘော်များသတ်ဖြတ်ခဲ့သည်ဟု ထင်မြင်စေရန် ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်ခဲ့ပြီး ကျေးရွာ/ ရပ်ကွက်များအတွင်းတွင်လည်း စကစတပ်နှင့် ပတ်သက်ဆက်နွယ်နေသူများမှ ကိုဟိန်းမင်းကျော်အား ပြည်သူ့ကာကွယ်ရေးတပ်များ ပစ်သတ်သွားသည်ဟု မဟုတ်မမှန်သတင်းများလွှင့်၍ ပြည်သူ့ကာကွယ်ရေးတပ်များအပေါ် ပြည်သူလူထုများ အထင်အမြင်လွဲမှားစေရန် ဝါဒမှိုင်းများ ဖြန့်ချီနေကြောင်းသိရှိရပါသည်”ဟု လူထုအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီသည် ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား သွေးကွဲစေရန်အတွက် ကောက်ကျစ် ယုတ်မာသောနည်းလမ်းအမျိုးမျိုးအသုံးပြု၍ သွေးထိုးလှုံ့ဆော်ခြင်း၊ ရန်တိုက်ခြင်းနှင့် ဝါဒဖြန့်ချီခြင်းများ ပြုလုပ်နေသည်ဟု သတိပေးထားသည်။

ကိုဟိန်းမင်းကျော် သေဆုံးမှုသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ်(၁) တပ်ရင်းနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ရှင်းလင်းထားသည်။

“တနင်္သာရီဒေသ တော်လှန်စစ်က အားကောင်းလာတဲ့အခါ စစ်ကောင်စီက သွေးခွဲဖို့ဗျူဟာ ထုတ်သုံးလာတာ။ လူထုအနေနဲ့ လုံခြုံရေးရော၊စစ်ခွေးတွေ သွေးခွဲမယ့် အကြံအစည်အရေးပါ ဂရုစိုက်ပေးပါ”ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း တနင်္သာရီဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတိုက်ပွဲများ ပြင်းထန်နေသည်။

ပုလောမြို့နယ် ကဒဲကျေးရွာတွင် နိုဝင်ဘာ ၁၀ ရက် နံနက်မှ နေ့လယ်အထိ ၄နာရီခန့်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး‌ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဖက် မှ ထိခိုက်မှုမရှိပြန်လည်ခွာ စစ်ဆင်နိုင်ခဲ့သည်ဟု တနင်္သာရီစစ်ဒေသခွဲ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။