Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် ကင်းလှည့် PDFများနှင့် ကံကြီးကုန်းရွာပျူများ ထိပ်တိုက်တွေ့ပစ်ခတ်၊ ပျူ သုံးဦး သေဟုဆို

ကံကြီးကုန်းကျေးရွာမှ ပျူစောထီးများနှင့် သူပစ် ကိုယ်ပစ် ရုပ်ရှင်ဆန်ဆန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက်ပေးခဲ့ရသော ပြည်သူများ၊ PDFများအတွက် လက်တုန့်ပြန်နိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRA တာဝန်ခံက ပြောသည်။

(ဇွန်လအတွင်းက ကံကြီးကုန်းရွာပျူများအား တိုက်ခိုက်ပြီး ထမင်းစားနေသော CRAရဲဘော်များ၊ ဓာတ်ပုံ-CRA)
(ဇွန်လအတွင်းက ကံကြီးကုန်းရွာပျူများအား တိုက်ခိုက်ပြီး ထမင်းစားနေသော CRAရဲဘော်များ၊ ဓာတ်ပုံ-CRA)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကင်းလှည့် PDFများနှင့် ကံကြီးကုန်းကျေးရွာပျူစောထီးများ ထိပ်တိုက်တွေ့ ပစ်ခတ်ခဲ့ကြရာ ပျူ သုံးဦးသေဆုံးကြောင်း Chaung U Local Defence Force (CLDF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (နိုဝင်ဘာ၁၂ ရက်)နံနက် ၁၁ နာရီခွဲခန့်က မဟာမိတ်ပူးပေါင်းအဖွဲ့များ၏ ရဲဘော်များက ကင်းလှည့်နေစဉ် ကံကြီးကုန်းကျေးရွာမှ ထွက်ခွာလာသော ပျူစောထီးများနှင့် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း Chaung U Local Defence Force (CLDF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီး သုံးဦး သေဆုံးကြောင်း၊ ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း CLDF တာဝန်ခံက ပြောသည်။

(ဇွန်လအတွင်းက ကံကြီးကုန်းရွာပျူများအား တိုက်ခိုက်ပြီး ထမင်းစားနေသော CRAရဲဘော်များ၊ ဓာတ်ပုံ-CRA)
(ဇွန်လအတွင်းက ကံကြီးကုန်းရွာပျူများအား တိုက်ခိုက်ပြီး ထမင်းစားနေသော CRAရဲဘော်များ၊ ဓာတ်ပုံ-CRA)

ကံကြီးကုန်းကျေးရွာမှ ပျူစောထီးများနှင့် သူပစ် ကိုယ်ပစ် ရုပ်ရှင်ဆန်ဆန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသက်ပေးခဲ့ရသော ပြည်သူများ၊ PDFများအတွက် လက်တုန့်ပြန်နိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRA တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါစစ်ဆင်ရေးအား Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း နှင့် Chaung U Revolution Army (CRA) အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ကံကြီးကုန်းကျေးရွာသည် ပျူစောထီးအင်အားကောင်းရာရွာတစ်ရွာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ