Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးနေသောစစ်တပ်နှင့် ဒေသတွင်းPDFတို့ တိုက်ပွဲဖြစ်

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် တောင်ရိုးသားများတပ်ပေါင်းစု အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်ရိုးသားများတပ်ပေါင်းစု
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် တောင်ရိုးသားများတပ်ပေါင်းစု အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်ရိုးသားများတပ်ပေါင်းစု

▪️စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်နေ၍ ကျေးရွာအများအပြား အိမ်မပြန်နိုင်သေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့အချို့ ယမန်နေ့ညနေပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ရိုးသားများတပ်ပေါင်းစု တာဝန်ခံက ပြောကြားသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)ညနေပိုင်းက စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန်ရွာကိုစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ ထိုစစ်ကြောင်းသည် လက်နက်ကြီးဖြင့် ကျေးရွာများအား လှည့်လည်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြီးနောက် အဖွဲ့များခွဲကာ ထန်းကြီးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် တောင်ရိုးသားများတပ်ပေါင်းစု အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်ရိုးသားများတပ်ပေါင်းစု
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် တောင်ရိုးသားများတပ်ပေါင်းစု အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်ရိုးသားများတပ်ပေါင်းစု

ထိုစစ်ကြောင်းသည် ထန်းကြီးရွာမနှင့်ထန်းကြီးဘူတာကြားအရောက်တွင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ရိုးသားများ တပ်ပေါင်းစု တာဝန်ခံက ပြောသည်။

“ပူးပေါင်းအဖွဲ့က မိုင်းကွင်းတပ်ဆင်နေတုန်းထိတွေ့မှုဖြစ်ခဲ့တာ ။ အထိအခိုက်တော့မရှိဘူး။”ဟု တောင်ရိုးသားများ တပ်ပေါင်းစု တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယနေ့ (နိုဝင်ဘာ၁၃ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ထန်းကြီးဘူတာ အနောက်ဘက် အိမ်တစ်လုံးကို မီးရှို့နေကြောင်း၊ ထို့နောက် ရွာမကြီးထဲသို့ ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

“ထန်းကြီးရွာကရွာသားတစ်ယောက်ကိုဖမ်းသွားတယ်”ဟု​ဒေသခံတစ်ဦးကလည်း​ပြောသည်။

ဝက်လက်နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးပစ်ခတ်နေသောစစ်ကောင်စီတပ်ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှိမ်းမကားရွာဒေသခံအချို့ လက်နက်ကြီးကျပြီး သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ ယနေ့အထိလည်း စစ်ကောင်စီစစ်ကြောင်းကြောင့် ဝက်လက်နယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook