Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်တိုက်ပွဲတွင် PDFအဖွဲ့ကားနှင့်ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရ

ယမန်နေ့(နိုဝင်ဘာ ၁၂ ရက်)မွန်းလဲပိုင်းကဝက်လက်မြို့နယ်၊ ရေသောက်ကန်နှင့် ပေါက်ကန်ရွာကြားတွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအထက်ပါတာဝန်ခံကပြောသည်။

(မီးရှို့ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ရစဥ်။ဓါတ်ပုံ-ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်)
(မီးရှို့ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ရစဥ်။ဓါတ်ပုံ-ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင် စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိသော်လည်း ကားနှစ်စီး၊ဆိုင်​လေးစီးနှင့်စစ်အသုံးအဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁၂ ရက်)မွန်းလဲပိုင်းကဝက်လက်မြို့နယ်၊ ရေသောက်ကန်နှင့် ပေါက်ကန်ရွာကြားတွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအထက်ပါတာဝန်ခံကပြောသည်။

လက်နက်အင်အားလူအင်အား မမျှတသဖြင့် ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ပွဲတွင်းအသုံးပြုနေသော ကား၂စီးနှင့်ဆိုင်ကယ် လေးစီးအား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံက ပြောသည်။

(မီးရှို့ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ရစဥ်။ဓါတ်ပုံ-ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်)
(မီးရှို့ဖျက်ဆီးခံခဲ့ရသော ကားတစ်စီးအား တွေ့ရစဥ်။ဓါတ်ပုံ-ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်)

“ပေါက်ကန်ဘက်ရောက်နေလို့ ကားနဲ့သွားထုဖို့ သွားတဲ့ချိန် ပြည်သူအသွင်ယူပြီးပစ်တာ။ လည်ပတ်အနီနဲ့ကောင်တွေက နောက်ထပ်ထပ်ရောက် လာပြီး စက်သေနတ်နဲ့ဆွဲပြီး RPGနဲ့ ထုတာ။ ကားပေါ်ကဆုံးရှုံးမှုတန်ဖိုး သိန်းနှစ်ရာလောက်ရှိတယ်။ စိန်ပြောင်းနဲ့ကျည် အမြောက်အများဆုံးရှုံးခဲ့တယ်။”ဟု ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဝက်လက်နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားရွာအပါအဝင် ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူများ သေဆုံးထိခိုက်မှုရှိနေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook