Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့နယ် ပီကင်းကောခူရွာရှိ ကလေးကစားကွင်းအတွင်း လက်နက်ကြီးကျည်ကျပေါက်ကွဲ၍ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး၊ ၁၀ဦးထက်မနည်း ဒဏ်ရာရ

အောက်တိုဘာလအတွင်း ကရင်နီပြည်နယ်၌ လက်နက်ကြီးထိမှန်၍ အရပ်သားသေဆုံးမှု သုံးဦးရှိနေပြီး ဒဏ်ရာရရှိသူ အနည်းဆုံး ၁၂ ဦးအထိရှိနေသည်။

ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်ပရဟိတအသင်း
ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်ပရဟိတအသင်း

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာရှိ ကလေးကစားကွင်းအတွင်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်း မြစ်များက ပြောသည်။

ယခုဖြစ်စဥ်အပါအဝင် လွိုင်ကော်မြို့၌ သုံးရက်အတွင်း(အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်)အထိစစ်ဘေးရှောင်စခန်းများနှင့်ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြုံခဲ့ရခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ - ရွှေလွိုင်ကော်ပရဟိတအသင်း
ဒဏ်ရာရရှိသူများအား ကုသရန်ပို့ဆောင်နေစဥ်၊ ဓာတ်ပုံ – ရွှေလွိုင်ကော်ပရဟိတအသင်း

“ အပြစ်မဲ့ ပြည်သူတွေကို မရှောင်ဘဲ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ကျူးလွန်နေတာ။ဒီနေ့ဆို မနက်ပိုင်းက ဝါရီကောခူရွာအတွင်းကျတဲ့ ပေါက်ကွဲမှုက မိသားစုဝင်သုံးဦး ထိတယ်။ပြီးတော့ နေ့ခင်း ၁ နာရီလောက်မှာ ပီကင်းကောခူရွာအတွင်းက ကလေးများကစားနေတဲ့နေရာကို စစ်ကောင်စီရဲ့ လက်နက်ကြီးထပ်မံကျရောက်ခဲ့တာကြောင့် (၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးအများစုနဲ့ ဒဏ်ရာရရှိသူ ၁၀ဦးအထက်ရှိတယ်” ဟု လွိုင်ကော်မြို့ ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထိုကဲ့သို့ ကျေးရွာလူထုများနှင့် စစ်ဘေးရှောင် နေရာများပါမချန် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းမှာ ကရင်နီပြည် လွိုင်ကော်မြို့အထွက် လွိုင်ကော် –မိုးဗြဲလမ်းကိုထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

“ ပြည်သူ လူထုရှိရာ ဝါရီကောခူနှင့် ပီကင်းကောခူ ကျေးရွာကို အကြောင်းမဲ့ ရမ်းထုပြီး ရွာထဲ ဝင်နေမယ့် အကွက်ချောင်းနေတယ်လို့ ပြောရတယ်” ဟု ၎င်းက ရှင်းပြသည်။

အောက်တိုဘာလအတွင်း ကရင်နီပြည်နယ်၌ လက်နက်ကြီးထိမှန်၍ အရပ်သားသေဆုံးမှု သုံးဦးရှိနေပြီး ဒဏ်ရာရရှိသူ အနည်းဆုံး ၁၂ ဦးအထိရှိနေသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း ကရင်နီဒေသအတွင်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည့် ပြည်သူ ၆၅ ဦးအထိရှိကြောင်းလည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကနေမနေ့ (အောက်တိုဘာ၂၉ ရက်)က ပေါက်တောမြို့နယ်ဘက်ဆီလက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့်ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ် မဇောကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရကာ နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်​နယ် ၊ ဘားအံမြို့နယ် ၊ ဖားဘော်ရွာလေး မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်ကျ လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးသလို ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူ(သထုံ...

သတင်း

မိုးကုတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ဦး သေဆုံးပြီး ပြည်သူ ၁၂ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။