Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်းအဆို ကုလအတည်ပြု

တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်လက်အောက်ခံ တရားရုံးများမှ သေဒဏ်ချမှတ် ထားသည့်အမှု (၁၂၆)ခုရှိပြီး ယင်းအနက် (၄၂) ခု ကို ကာယကံရှင်မျက်ကွယ်၌ ချမှတ်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်၏ ဥပဒေမဲ့သတ်ဖြစ်ခြင်းအောက်၌ သေဒဏ်ချမှတ်ခြင်းခံရန် စောင့်ဆိုင်းနေရသူ (၈၄) ဦး ရှိနေသည်။

သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်းအဆို ကုလအတည်ပြု
သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်းအဆို ကုလအတည်ပြု

▪️မြန်မာသံအမတ်ကြီး ထောက်ခံမဲပေးခဲ့ပြီး စစ်တပ်က ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်ရန် ပြည်တွင်းဥပဒေများကို လက်နက်အဖြစ် အသုံးပြုနေဟု တင်ပြ

သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်း “Moratorium on the use of the Death Penalty” ဆိုင်ရာ အဆိုမူကြမ်းကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ခံမဲပေးခဲ့ပြီး စစ်တပ်သည် ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်ရန် ပြည်တွင်းဥပဒေများကို လက်နက်အဖြစ် အသုံးပြုနေကြောင်း ကုလသမဂ္ဂသို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေတွင် သေဒဏ်ပေးခြင်းကို တရားဝင်ဖျက်သိမ်းခြင်း မရှိသေးသော်လည်း လက်တွေ့၌ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့မှုကို (de facto moratorium) ကို ဆယ်စုနှစ် (၄) ခု နီးပါး ဆောင်ရွက်နိုင်ခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၌ နိုဝင်ဘာ ၁၁ ရက်တွင် ပြောသည်။

သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်းအဆို ကုလအတည်ပြု
သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်းအဆို ကုလအတည်ပြု

သို့သော် ပြီးခဲ့သည့် ဇူလိုင်တွင် တရားမဝင်အာဏာသိမ်းစစ်တပ်သည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ (၄) ဦး ဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်ပေးကွပ်မျက်ခဲ့ကြောင်း၊ အဆိုပါသေဒဏ်ချမှတ်မှုသည် တရားလက်လွတ် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်ကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

သေဒဏ်ပြစ်ဒဏ်ချမှတ်မှုသည် လူသတ်ရန်ဝန်မလေးသည့် မြန်မာစစ်တပ်၏ နောက်ဆုံးနည်းလမ်း ဖြစ်ပြီး လူ့အခွင့်အရေးကျင့်သုံးသည့် လူတစ်ဦးချင်းစီအား ပစ်မှတ်ထားတိုက်ခိုက်သော ခွဲခြားဆက်ဆံသည့် ဥပဒေများကို အခြေခံ၍ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို ကျင့်သုံးနေကြောင်းလည်း ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်တပ်သည် တရားမဝင်စစ်တပ်အာဏာသိမ်းချိန်မှစ၍ တရားမဝင်သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းတို့ကို ကျူးလွန်နေကြောင်းနှင့် ပြည်သူများနှင့် ဒီမိုကရေစီလှုပ်ရှားမှုတို့အပေါ် ကြောက်ရွံ့မှုသွတ်သွင်းရန် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းကို တရားမဝင် စိတ်တိုင်းကျ အသုံးပြုနေကြောင်း သံအမတ်ကြီးက ဆိုသည်။

တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်လက်အောက်ခံ တရားရုံးများမှ သေဒဏ်ချမှတ် ထားသည့်အမှု (၁၂၆)ခုရှိပြီး ယင်းအနက် (၄၂) ခု ကို ကာယကံရှင်မျက်ကွယ်၌ ချမှတ်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်၏ ဥပဒေမဲ့သတ်ဖြစ်ခြင်းအောက်၌ သေဒဏ်ချမှတ်ခြင်းခံရန် စောင့်ဆိုင်းနေရသူ (၈၄) ဦး ရှိနေသည်။

၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၌ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို တရားဝင်ဆိုင်းငံ့ခြင်း “Moratorium on the use of the Death Penalty” ဆိုင်ရာ အဆိုမူကြမ်းကို မဲခွဲဲခဲ့ရာ ထောက်ခံမဲ (၁၂၆) မဲ၊ ကန့်ကွက်မဲ (၃၇) မဲ နှင့် ကြားနေမဲ (၂၄) မဲ ဖြင့် ကော်မတီမှ အတည်ပြုခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။