Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းထိုး၍ ခင်ဦးနယ်ရှိ ကျေးရွာလေးရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုရှိပြီး မကြာမီထုတ်ပြန်ပေးမည်ဟု Khin U Support Organization-KSO အဖွဲ့တာဝန်ခံက ပြောသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ခင်ဦးနယ်ဒေသခံများအား စက်တင်ဘာလအတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ခင်ဦးနယ်ဒေသခံများအား စက်တင်ဘာလအတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ကျေးရွာလေးရွာမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာ၁၅ ရက်) နံနက် ၆နာရီခွဲခန့်က ရေဦးမြို့မှ စစ်ကောင်စီတပ်များနှင့် ရွာသစ်ကုန်းကျေးရွာ ပျူစောထီးများသည် အင်အား၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ ခင်ဦးမြို့ အနောက်ခြမ်းရှိ အင်းပတ်ရွာ၊ချမ်းသာကုန်း(ခ)အောင်ချမ်းသာရွာ၊မရမ်းအင်းရွာနှင့် ကုန်းသာကျေးရွာ စသည့် ကျေးရွာများမှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းကို ရေဦးဘက်ကလည်းလက်နက်ကြီးပစ်ကူပေးခဲ့ပြီး ဖမ်းဆီးခံရသည့်ပြည်သူများလည်းရှိနေကြောင်း ဒေသခံများက ​ပြောသည်။

“ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်။ မီးရှို့တာမျိုးတော့မကြားသေးဘူး။”ဟု ခင်ဦးအခြေစိုက် Khin U Support Organization-KSO အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုရှိပြီး မကြာမီထုတ်ပြန်ပေးမည်ဟု Khin U Support Organization-KSO အဖွဲ့တာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။