Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းထိုး၍ ခင်ဦးနယ်ရှိ ကျေးရွာလေးရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုရှိပြီး မကြာမီထုတ်ပြန်ပေးမည်ဟု Khin U Support Organization-KSO အဖွဲ့တာဝန်ခံက ပြောသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ခင်ဦးနယ်ဒေသခံများအား စက်တင်ဘာလအတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ခင်ဦးနယ်ဒေသခံများအား စက်တင်ဘာလအတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ကျေးရွာလေးရွာမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (နိုဝင်ဘာ၁၅ ရက်) နံနက် ၆နာရီခွဲခန့်က ရေဦးမြို့မှ စစ်ကောင်စီတပ်များနှင့် ရွာသစ်ကုန်းကျေးရွာ ပျူစောထီးများသည် အင်အား၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ ခင်ဦးမြို့ အနောက်ခြမ်းရှိ အင်းပတ်ရွာ၊ချမ်းသာကုန်း(ခ)အောင်ချမ်းသာရွာ၊မရမ်းအင်းရွာနှင့် ကုန်းသာကျေးရွာ စသည့် ကျေးရွာများမှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းကို ရေဦးဘက်ကလည်းလက်နက်ကြီးပစ်ကူပေးခဲ့ပြီး ဖမ်းဆီးခံရသည့်ပြည်သူများလည်းရှိနေကြောင်း ဒေသခံများက ​ပြောသည်။

“ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်။ မီးရှို့တာမျိုးတော့မကြားသေးဘူး။”ဟု ခင်ဦးအခြေစိုက် Khin U Support Organization-KSO အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုရှိပြီး မကြာမီထုတ်ပြန်ပေးမည်ဟု Khin U Support Organization-KSO အဖွဲ့တာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။