Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် ယမန်နေ့ညက စစ်အုပ်စုတပ်စွဲရာ နေရာသုံးခုကို တပြိုင်တည်းတိုက်ခိုက်

ပစ်ခတ်တိုက်ခိုက်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဆုံးသည်ဟု သတင်းရကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောသည်။

ခင်ဦးမြို့နယ်တွင် ယမန်နေ့ညက စစ်အုပ်စုတပ်စွဲရာ နေရာသုံးခုကို တပြိုင်တည်းတိုက်ခိုက်
ခင်ဦးမြို့နယ်တွင် ယမန်နေ့ညက စစ်အုပ်စုတပ်စွဲရာ နေရာသုံးခုကို တပြိုင်တည်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ညက စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုအား (၆၀)မမလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း ‌Khin U Specialforce Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ၇ ရက်) တန်ဆောင်မုန်းလပြည့်နေ့ ည ၉နာရီအချိန်မှစတင်ကာ ခင်ဦးမြို့နယ် ရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွာသစ်ကုန်းကျေးရွာ၊ အင်းပတ်ကွေ့နှင့် မူးတိမ်ချောင်းတံတား စုစုပေါင်း သုံးနေရာအား လက်လုပ်နှစ်ဆင့် ကွဲ (၆၀)မမ ၁၂ချက်ခန့် သွားရောက်ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဆုံးသည်ဟု သတင်းရကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“မနက်က ရေဦးမြို့ဘက်ကို အလောင်းတွေသယ် သွားတယ်။ ရေဦးနဲ့ ရွာသစ်ကုန်းပျူစောထီးရွာက နှစ်မိုင်ပဲကွာတယ်။ အဲဒီနေရာတွေမှာ စစ်ကားကြီးနှစ်စီးနဲ့ လှည့်ပတ်ရှုပ်နေတယ်။ အထုခံရတဲ့နေရာတွေမှာ ခါတိုင်းထပ်ပိုပြီးတင်းကျပ်နေတယ်။”ဟု KSO အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ခင်ဦးမြို့နယ်ပကဖနှင့် KSOတပ်ဖွဲ့၊ ဒေါင်းစစ်သည်LDF၊ KDK-KU၊ ARF၊ စွန်ရဲနီ-LDF၊ Future Heros-KU၊ Northern Tiger Group-NTG၊ သူရိန်လျှပ်စီးမိုးကြိုးနှင့် အခြားသော မဟာမိတ်​ဒေသတွင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များ၊(၄၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ယနေ့နံနက်မှ မွန်းလွဲပိုင်းအထိ ရေဦးမြို့ပေါ်၊ အင်းပတ်ကွေ့နှင့် ကြာဖူးအဝိုင်းပတ်လည်တို့တွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ သတိပြုသွားလာကြရန် KSO အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။