Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် ယမန်နေ့ညက စစ်အုပ်စုတပ်စွဲရာ နေရာသုံးခုကို တပြိုင်တည်းတိုက်ခိုက်

ပစ်ခတ်တိုက်ခိုက်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဆုံးသည်ဟု သတင်းရကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောသည်။

ခင်ဦးမြို့နယ်တွင် ယမန်နေ့ညက စစ်အုပ်စုတပ်စွဲရာ နေရာသုံးခုကို တပြိုင်တည်းတိုက်ခိုက်
ခင်ဦးမြို့နယ်တွင် ယမန်နေ့ညက စစ်အုပ်စုတပ်စွဲရာ နေရာသုံးခုကို တပြိုင်တည်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ညက စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုအား (၆၀)မမလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း ‌Khin U Specialforce Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ၇ ရက်) တန်ဆောင်မုန်းလပြည့်နေ့ ည ၉နာရီအချိန်မှစတင်ကာ ခင်ဦးမြို့နယ် ရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွာသစ်ကုန်းကျေးရွာ၊ အင်းပတ်ကွေ့နှင့် မူးတိမ်ချောင်းတံတား စုစုပေါင်း သုံးနေရာအား လက်လုပ်နှစ်ဆင့် ကွဲ (၆၀)မမ ၁၂ချက်ခန့် သွားရောက်ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးသေဆုံးသည်ဟု သတင်းရကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“မနက်က ရေဦးမြို့ဘက်ကို အလောင်းတွေသယ် သွားတယ်။ ရေဦးနဲ့ ရွာသစ်ကုန်းပျူစောထီးရွာက နှစ်မိုင်ပဲကွာတယ်။ အဲဒီနေရာတွေမှာ စစ်ကားကြီးနှစ်စီးနဲ့ လှည့်ပတ်ရှုပ်နေတယ်။ အထုခံရတဲ့နေရာတွေမှာ ခါတိုင်းထပ်ပိုပြီးတင်းကျပ်နေတယ်။”ဟု KSO အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ခင်ဦးမြို့နယ်ပကဖနှင့် KSOတပ်ဖွဲ့၊ ဒေါင်းစစ်သည်LDF၊ KDK-KU၊ ARF၊ စွန်ရဲနီ-LDF၊ Future Heros-KU၊ Northern Tiger Group-NTG၊ သူရိန်လျှပ်စီးမိုးကြိုးနှင့် အခြားသော မဟာမိတ်​ဒေသတွင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များ၊(၄၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ယနေ့နံနက်မှ မွန်းလွဲပိုင်းအထိ ရေဦးမြို့ပေါ်၊ အင်းပတ်ကွေ့နှင့် ကြာဖူးအဝိုင်းပတ်လည်တို့တွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ သတိပြုသွားလာကြရန် KSO အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။