Connect with us

Hi, what are you looking for?

သတင်း

သုံးရက်အတွင်းတိုက်ပွဲ၌အရာရှိအပါအဝင်စစ်သားအနည်းဆုံး ၆ ဦး​သေပြီး အများအပြားဒဏ်ရာရဟု​ကော်ဘရာစစ်​ကြောင်းထုတ်ပြန်

တိုက်ပွဲ၌ စစ်ကောင်စီတပ်များအထိနာပြီးဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ယင်းဒေသသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ကျည်၊ ဗုံးသီး၊ ကျည်ဘောက်၊ လက်ပစ်ဗုံး၊ နင်းမိုင်း၊ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် စစ်အသုံးအ​ဆောင်ပစ္စည်းအချို့ ။ဓါတ်ပုံ-Cobra Column)
(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် စစ်အသုံးအ​ဆောင်ပစ္စည်းအချို့ ။ဓါတ်ပုံ-Cobra Column)

▪︎ကျည်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိပြီးစစ်​ကောင်စီတပ်အထိနာ၍ဆုတ်​ပြေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ သေ့ဘော့ဘိုးကျေးရွာအနီး၌ ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ အပါအဝင် လေးဦး သေဆုံးပြီးထိ့ခိုက်ဒဏ်ရာရရှိမှုများ​ကြောင်းကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ထိုအပြင် နိုဝင်ဘာ ၁၄ရက်မှာပင် ​လေး​ကေ့​ကော်မြို့သစ်အနီး၌ ​ကော်ဘရာစစ်​ကြောင်းမှလက်​ဖြောင့်​သေနတ်သမားလက်ချက်ဖြင့် စစ်သားတစ်ဦး​သေဆုံးခဲ့ပြီး ၊ နိုဝင်ဘာ ၁၃ ရက်က လည်း လူခို့၊ညောင်ချောင်းဒေသတွင်ဖြစ်​သောတိုက်ပွဲ၌ စစ်​ကောင်စီတပ်မှ ၁ ဦး​သေပြီး ၄ဦးဒဏ်ရာရခဲ့​ကြောင်း​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄)လက်အောက်ခံ ၊ နည်းဗျူဟာ (၄၄၃)၏ တပ်များသည် သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်ရန် ‌ကြိုးစားလာခဲ့ရာ ပူးပေါင်းတပ်ဖွဲ့များနှင့် ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက်နေ့ ညနေ (၃)နာရီခွဲမှ ညနေ (၇)နာရီ ခန့်အထိ သုံးနာရီ​ကျော်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်များအထိနာပြီးဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ယင်းဒေသသို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ကျည်၊ ဗုံးသီး၊ ကျည်ဘောက်၊ လက်ပစ်ဗုံး၊ နင်းမိုင်း၊ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကနေဦး သတင်းအတည်ပြုချက်အရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် (၄)ဦး သေဆုံးပြီး အခြား အရာရှိနှင့် အခြားအဆင့်များ (၁၀) ဦး ထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဖော်ပြထားပြီး သေဆုံးထိခိုက်အခြေအနေအား ဆက်လက်စုံစမ်းနေသည်ဟု လည်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ၊ အတွဲလိုက်ပစ်​သောဒုံးများ ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ပူးပေါင်းတပ်ဖွဲ့မှ ခုခံခြေမှုန်းရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံး များပြားစွာဖြင့် ဆုတ်ခွာ ထွက်ပြေးခဲ့ကြရသော်လည်း ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုအပြင် ယမန်နေ့၌ပင် လေ့ကေ့ကော်မြို့သစ်အနီး လုံ‌ခြုံရေးတာဝန်ယူထားသော ကော်ဘရာစစ်ကြောင်း၏ လက်ဖြောင့်စနိုက်ဘာတပ်ဖွဲ့ဝင်များ၏လက်ချက်ကြောင့်လေ့ကေ့ကော် ရေကန်ကုန်းစခန်းရှိစစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး (၁)ဦး သေဆုံးကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဟု သိရသည်။

နိုဝင်ဘာ (၁၃) ရက်နေ့ကလည်း လူခို့၊ညောင်ချောင်းဒေသ၌ ဖြစ်ပွားသည့် တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ(၁)ဦးသေဆုံးပြီး IO အရာရှိအပါအဝင်(၄)ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်းအသိ​ပေး သည်။

အလားတူ ယနေ့ (နိုဝင်ဘာ ၁၅ရက်)တွင်လည်း အဆိုပါ​ဒေသ၌တိုက်ပွဲဆက်လက်ဖြစ်ပွား​နေပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။