Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မဟာ (၆) နယ်မြေထဲ ၄ နာရီကြာတိုက်ပွဲဖြစ်

နယ်မြေရှင်းလင်းဆောင်ရွက်စဉ်အတွင်း စစ်ကောင်စီတပ်ထံမှ ကျည်ဆံ၊ ဗုံးသီး၊ ကျည်ဘောက်၊ လက်ပစ်ဗုံး၊ မိုင်းနှင့် အခြားပစ္စည်းများအား သိမ်းဆည်းရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

တပ်မဟာ (၆) နယ်မြေထဲ ၄ နာရီကြာတိုက်ပွဲဖြစ်
တပ်မဟာ (၆) နယ်မြေထဲ ၄ နာရီကြာတိုက်ပွဲဖြစ်

KNU တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိများအပါအဝင် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းရခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ(၁၄)ရက် ညနေသုံးနာရီခွဲမှ ညခုနှစ်နာရီခန့်အထိ စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း တပ်ခွဲ(၂)၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းပူးပေါင်းအဖွဲ့တို့အကြား သေ့ဘောဘိုးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်။

ယင်းတိုက်ပွဲဖြစ်စဉ်အတွင်း မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ မြွေသုံးကောင်ဘုရားအနီးတွင် စစ်ကောင်စီတပ်၏ နည်းဗျူဟာ(၄၄၁)အခြေစိုက်ကာ အမြောက်တပ်၊ ဒုန်းတပ်တို့မှ (၁၂၀)မမ လက်နက်ကြီးများ၊ (၁၂၂)မမ အလုံး(၄၀)အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ကျူးကျော်လာသော စစ်ကောင်စီတပ်များအား KNLA ပူးပေါင်းတပ်ဖွဲ့များမှ ပြောင်မြောက်သောစစ်ဗျူဟာဖြင့် ခုခံခြေမှုန်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးများပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြရပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိသလို ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်များအား ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ဆိုပါသည်။

Public Service Announcement

Public Service Announcement

“ကနဦး သတင်းအတည်ပြုချက်အရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် (၄)ဦးသေဆုံးပြီး အခြားအရာရှိနှင့် အခြားအဆင့်များ (၁၀)ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာကာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး သေဆုံးထိခိုက်အရေအတွက် အတိအကျအား အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်” ဟု ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်မြေရှင်းလင်းဆောင်ရွက်စဉ်အတွင်း စစ်ကောင်စီတပ်ထံမှ ကျည်ဆံ၊ ဗုံးသီး၊ ကျည်ဘောက်၊ လက်ပစ်ဗုံး၊ မိုင်းနှင့် အခြားပစ္စည်းများအား သိမ်းဆည်းရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ထို့အပြင် ယမန်နေ့ကလည်း လေးကေကော်မြို့သစ်အနီး လုံခြုံရေးတာဝန်ယူထားသော ကော်ဘရာစစ်ကြောင်း၏ လက်ဖြောင့်စနိုက်ဘာတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် လေကေကော်ရေကန်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးတစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ(၁၃)ရက်နေ့ကလည်း လူခို့ ညောင်ချောင်းဒေသတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး အရာရှိအပါအဝင် လေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့ နေ့လည်(၁၁)နာရီခွဲခန့်မှ စတင်၍ လူခို့ ညောင်ချောင်းဒေသအနီးတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့တို့အကြား နာရီဝက်ကျော်ကြာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။