Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ (၆) နယ်မြေထဲ ၄ နာရီကြာတိုက်ပွဲဖြစ်

နယ်မြေရှင်းလင်းဆောင်ရွက်စဉ်အတွင်း စစ်ကောင်စီတပ်ထံမှ ကျည်ဆံ၊ ဗုံးသီး၊ ကျည်ဘောက်၊ လက်ပစ်ဗုံး၊ မိုင်းနှင့် အခြားပစ္စည်းများအား သိမ်းဆည်းရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

တပ်မဟာ (၆) နယ်မြေထဲ ၄ နာရီကြာတိုက်ပွဲဖြစ်
တပ်မဟာ (၆) နယ်မြေထဲ ၄ နာရီကြာတိုက်ပွဲဖြစ်

KNU တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိများအပါအဝင် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းရခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ(၁၄)ရက် ညနေသုံးနာရီခွဲမှ ညခုနှစ်နာရီခန့်အထိ စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း တပ်ခွဲ(၂)၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းပူးပေါင်းအဖွဲ့တို့အကြား သေ့ဘောဘိုးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်။

ယင်းတိုက်ပွဲဖြစ်စဉ်အတွင်း မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ မြွေသုံးကောင်ဘုရားအနီးတွင် စစ်ကောင်စီတပ်၏ နည်းဗျူဟာ(၄၄၁)အခြေစိုက်ကာ အမြောက်တပ်၊ ဒုန်းတပ်တို့မှ (၁၂၀)မမ လက်နက်ကြီးများ၊ (၁၂၂)မမ အလုံး(၄၀)အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ကျူးကျော်လာသော စစ်ကောင်စီတပ်များအား KNLA ပူးပေါင်းတပ်ဖွဲ့များမှ ပြောင်မြောက်သောစစ်ဗျူဟာဖြင့် ခုခံခြေမှုန်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးများပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြရပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိသလို ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်များအား ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ဆိုပါသည်။

Public Service Announcement

Public Service Announcement

“ကနဦး သတင်းအတည်ပြုချက်အရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် (၄)ဦးသေဆုံးပြီး အခြားအရာရှိနှင့် အခြားအဆင့်များ (၁၀)ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာကာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး သေဆုံးထိခိုက်အရေအတွက် အတိအကျအား အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်” ဟု ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်မြေရှင်းလင်းဆောင်ရွက်စဉ်အတွင်း စစ်ကောင်စီတပ်ထံမှ ကျည်ဆံ၊ ဗုံးသီး၊ ကျည်ဘောက်၊ လက်ပစ်ဗုံး၊ မိုင်းနှင့် အခြားပစ္စည်းများအား သိမ်းဆည်းရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ထို့အပြင် ယမန်နေ့ကလည်း လေးကေကော်မြို့သစ်အနီး လုံခြုံရေးတာဝန်ယူထားသော ကော်ဘရာစစ်ကြောင်း၏ လက်ဖြောင့်စနိုက်ဘာတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် လေကေကော်ရေကန်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးတစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ(၁၃)ရက်နေ့ကလည်း လူခို့ ညောင်ချောင်းဒေသတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး အရာရှိအပါအဝင် လေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ(၁၅)ရက်နေ့ နေ့လည်(၁၁)နာရီခွဲခန့်မှ စတင်၍ လူခို့ ညောင်ချောင်းဒေသအနီးတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့တို့အကြား နာရီဝက်ကျော်ကြာ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။