Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်(ပကဖ)တပ်ရင်း(၅)တပ်ရင်းမှူး တမူးတိုက်ပွဲ၌ ကျဆုံး

တပ်ရင်း(၅)တပ်ရင်းမှူးသည် မြင့်မြတ်စွာကျဆုံးခဲ့ပါသည်ဟု ကလေးမြို့နယ် (ပကဖ)က ယနေ့ (စက်တင်ဘာ ၂၁ရက်) ထုတ်ပြန်ထားသည်။

(ကျဆုံး ပြည်သူ့ရဲဘော်အား သင်္ဂြိုလ်နေစဥ်- ကလေးမြို့နယ်- ပကဖ)
(ကျဆုံး ပြည်သူ့ရဲဘော်အား သင်္ဂြိုလ်နေစဥ်- ကလေးမြို့နယ်- ပကဖ)

ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်းမှူးတစ်ဦးသည် တမူးမြို့သို့ရောက်ရှိနေစဥ် စစ်ကောင်စီနှင့်တိုက်ပွဲ၌ ပါဝင်တိုက်ခိုက်ပေးရင်း ကျဆုံးခဲ့ရသည်။

ကလေးမြိို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၅)တပ်ရင်းမှူးသည် တပ်ဖွဲ့၏တာဝန်အရ တမူးမြို့နယ်သို့ရောက်ရှိနေစဉ် စက်တင်ဘာ ၁၉ရက် က တမူးမြို့ (၄)မိုင်ဂိတ်စခန်းတိုက်ပွဲတွင်ပါဝင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တပ်ရင်း(၅)တပ်ရင်းမှူးသည် မြင့်မြတ်စွာကျဆုံးခဲ့ပါသည်ဟု ကလေးမြို့နယ် (ပကဖ)က ယနေ့ (စက်တင်ဘာ ၂၁ရက်) ထုတ်ပြန်ထားသည်။

“ကျဆုံးတာက တော်လှန်ရေးအမည် ငမောင်ဆိုတဲ့ ပြည်သူ့ရဲဘော်ပါ။ သူက တာဝန်နဲ့ တမူးကိုရောက်နေတုန်း တိုက်ပွဲမှာ ဝင်တိုက်တာ။ သူ့အမျိုးသမီးကတော့ ဆုံးပါးသွားတာကြာပါပြီ။ သမီးလေးတွေ ကျန်ခဲ့ပါတယ်”ဟု ကလေးမြို့နယ်(ပကဖ) ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၉ရက် တိုက်ပွဲတွင် ကျဆုံးပြီး စက်တင်ဘာ ၂၀ရက်တွင်မှ ရုပ်အလောင်းအား ကောက်ယူနိုင်ခြင်းဟု ဆိုသည်။

ကလေးမြို့နယ်(ပကဖ) သတင်းထုတ်ပြန်ရေးကလည်း ” မပြီးဆုံးသေးသည့် အာဏာရှင်တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရဲဘော်ကြီးမျှော်လင့်တောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကိုမရောက်ရောက်အောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကလေးမြို့နယ်(ပကဖ)အနေဖြင့် ကတိပြုရင်း အလေးပြုပါသည်”ဟု ထုတ်ပြန်ထားသည်။

တမူးမြို့ (၄)မိုင်ဂိတ်စခန်းတိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာသွားသလိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်းကျဆုံးခဲ့သည်။ လတ်တလောတွင် စစ်ရေးဆက်လက်တင်းမာနေ၍ တမူး – ကလေးလမ်းပိုင်းအား အသုံးမပြုကြရန် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။