Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့နယ်ရှိ ဆေးရုံနှစ်ခုကို စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်၊ ပြည်သူနှစ်ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးကျော်ရှိ

ဗန်းမောက်မြို့နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သော်လည်း ယခု လေကြောင်း တိုက်ခိုက်ခံရသည့် မံယူးကြီးရွာနှင့် ကြောင်လည်ရွာတို့၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်)
(လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံယူးကြီးကျေးရွာနှင့် ကြောင်လည်ကျေးရွာမှ ဆေးရုံများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၀ရက် ညနေပိုင်း၌ မံယူးကြီးကျေးရွာရှိ ကိုယ်ထူကိုယ်ထ ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၅ဦးထက်မနည်းရှိသည်ဟု ဒေသခံက ပြောသည်။ အလားတူ ယနေ့ (အောက်တိုဘာ ၂၁ရက်) နေ့လည်ပိုင်း ၌လည်း စစ်ကောင်စီတပ်က မံယူးကြီးရွာနှင့် ၁၅မိုင်ခန့်အကွာရှိ ကြောင်လည်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦ ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းပြန်ကြားရေးဌာန PVTV ကလည်း ဖော်ပြခဲ့ရာ မံယူးကြီးရွာနှင့် ကြောင်လည်ရွာ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း အရပ်သားပြည်သူနှစ်ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

” မံယူးကြီးကျေးရွာမှာ ဖွင့်ထားတဲ့ ကိုယ့်အား ကိုယ်ကိုး ပြည်သူ့တိုက်နယ်ဆေးရုံးကို မနေ့က ဖိုက် တာဂျက် နှစ်စီးနဲ့လာပစ်သွားတယ်ဗျ။ ဆေးရုံအကုန်လုံး စုတ်ပြတ်သတ်သွားတယ်။ အဲဒီအပြင် မှာ ဆေးရုံးပြင်ဆင်ရေးက မပြီးသေးတော့ ကြွေပြားကပ်တဲ့ လုပ်ငန်းလုပ်နေတာ ရွာက လုပ်အားပေးနေတဲ့ အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်ထပ်ရွာသား ၅ယောက် အသေးစား ဒဏ်ရာတွေရတယ်”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားကြောင်း PVTVက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်)
(လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်)

ထိုသို့ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၄၅နှစ်အရွယ်ရှိ ဒေါ်ခင်မာချို သေဆုံးခဲ့ပြီး အသက် ၇၃နှစ်အရွယ် ဦးမောင်သန်း၊ အသက် ၅၀ အရွယ် ဒေါ်စိန်မြနှင့် အသက် (၃၅)နှစ်အရွယ် ကိုလွင်မိုးတို့ ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့ပြင် ဒဏ်ရာရသူများတွင် ကလေးငယ်များ ပါသည်ဟု သတင်းရရှိပြီး ဆက်လက် စုံစမ်းနေကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ကြောင်လည်ရွာ လေကြောင်းတိုက်ခိုက် ခံရမှု ဖြစ်စဉ်တွင်လည်း ပြည်သူ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထား သည်။ ထို့ပြင် ဆေးရုံခန်းမ၊ ပညာရေးဝန်ထမ်းအိမ်ယာနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဗန်းမောက်မြို့နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သော်လည်း ယခု လေကြောင်း တိုက်ခိုက်ခံရသည့် မံယူးကြီးရွာနှင့် ကြောင်လည်ရွာတို့၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။