Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့တွင် လက်နက်အပြည့်အစုံဖြင့်သွားလာနေသည့်ပျုအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်

ချောင်းဦးမြို့ တောပုကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျုစောထီးအဖွဲ့ကို ချောင်းဦး PDF – CHUPDF တပ်ခွဲ -၅ (IGF-Monywa)နှင့် Immortal Guerrilla Force-Monywa (IGF-Monywa) တို့က ယမန်နေ့(နိုဝင်ဘာ၁၇ရက်)နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့
ချောင်းဦးမြို့

စစ်ကိုင်းတိုင်း ချောင်းဦးမြို့တွင် လက်နက်အပြည့်အစုံဖြင့် သွားလာနေသည့် ပျုစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ပျူငါးဦးထက်မနည်း သေဆုံးသွားသည်။

ချောင်းဦးမြို့ တောပုကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျုစောထီးအဖွဲ့ကို ချောင်းဦး PDF – CHUPDF တပ်ခွဲ -၅ (IGF-Monywa)နှင့် Immortal Guerrilla Force-Monywa (IGF-Monywa) တို့က ယမန်နေ့(နိုဝင်ဘာ၁၇ရက်)နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“၂၅​ယောက်လောက်ရှိမယ်ဗျ။ ပျူတွေက သေနတ် တွေနဲ့ ထွက်လာတာ။ မိုင်း နှစ်ဆင့်ခွဲခဲ့တယ်။ ပထမတစ်လုံးက ငါးယောက်အနည်းလေး သေတယ်။ နောက်တစ်လုံးကလည်း ချက်ကောင်းထိပြီး လူနာတင်ကားတွေ လာခေါ်သွားတယ်”ဟု ချောင်းဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် ပျုစောထီးအဖွဲ့က ဘေးပတ်ဝန်း ကျင်သို့ သေနတ်ဖြင့် အချက်ပေါင်းများသွား ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု CHUPDF တပ်ခွဲ -၅ (IGF Monywa) က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် အနီးတဝိုက်တွင်သွားလာနေထိုင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်နှင့် ဒေသတွင်း လမ်းခရီးသွားလာရာတွင်လည်း စစ်ကောင်စီအုပ်စု၏ မည်သည့်ကားနှင့်မျှ အနီးကပ်မောင်းနှင် သွားလာခြင်း မပြုကြရန် CHUPDF တပ်ခွဲ -၅ (IGF Monywa)က သတိပေး ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့နယ်အပြင် ဒေသတွင်း နယ်မြေချင်းထိစပ်နေသော မြောင်၊ မြင်းမူ၊ မြင်းခြံနှင့် ရေစကြိုမြို့တို့တွင် အင်းအားတိုးချဲ့ပြီး စစ်ကြောင်းထိုးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Facebook